Thursday, July 11, 2019

ဆေးရုံက မစိုးရိမ်ရဟုဆိုကာ ပြန်လွှတ်လိုက်သည့် ကလေးငယ် နာရီပိုင်း အတွင်းသေဆုံး

ပြည်ဆေးရုံကြီးမှ မစိုးရိမ် ရဟုဆိုကာ ပြန်လွှတ်သည့်  ကလေးငယ် သေဆုံးခဲ့သဖြင့်   မကျေနပ်ကြောင်း ကလေး၏ မိခင် မစုနန္ဒာက ပြောသည်။ ၎င်း၏ တစ်ဦးတည်းသော သားငါးလအရွယ်ကလေးငယ်၏ ဦးခေါင်းမှ ချွေးထွက်များနေသ ဖြင့် ဇူလိုင် ၈ ရက်နံနက် ၁၁ နာရီခန့်က ပြည်ဆေးရုံကြီးပြင်ပ လူနာဌာနသို့ ပြခဲ့သော်လည်းတာ ၀န်ကျအမျိုးသမီးဆရာဝန်က မ စိုးရိမ်ရကြောင်း ပြောကာအိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ အပြန်လမ်း တွင် ကလေးသည်ညည်းညူနေ သဖြင့် လမ်းရှိဆရာဝန်တစ်ဦးထံ  ၀င်ရောက်ပြသရာ ကလေးအထူး ကုဆရာဝန်နှင့်ပြရန် ၎င်းဆရာဝန် ကညွှန်ကြားသဖြင့် သွားရောက် ရာဆေးခန်းပိတ်ထားသဖြင့် မပြ  ဖြစ်ခဲ့ကြောင်း ကလေးမိခင်က ပြောသည်။



ကလေးသည်မသက်သာသ ဖြင့် ခေတ္တရာမြို့သစ် (၁၃)လမ်း ရှိ ဆရာဝန်တစ်ဦးနှင့် ထပ်မံပြသ ရာ ၎င်းဆရာဝန်ကဆေးရုံကြီးသို့ ပြန်သွားရန် ညွှန်ကြားသဖြင့် နေ့ လယ် ၁၂ နာရီကျော်တွင် ပြန် သွားသော်လည်း ဆေးရုံတွင် ပင်ကလေးသေဆုံးခဲ့ကြောင်း မစု နန္ဒာကဆိုသည်။

‘‘ကလေးက ချွေးတွေပြန် နေလို့ ဆေးရုံကို တန်းသွားတယ်။   ဆေးရုံရောက်တော့ ၁၁ နာရီ လောက်ရှိပြီ။ အဲဒီမှာ ဆရာဝန်အ မျိုးသမီးက ကလေးကို အဖျား တိုင်းတယ်။ အသားတွေဘာတွေ စမ်းပြီး ဘာမှမဖြစ်ဘူးတဲ့။ကလေး  မှာ အဖျားလည်းမရှိဘူး။ အိမ်ကို  သာပြန်တော့တဲ့။ အပူကြီးရင် တစ်ရက်ရေလေးခါလောက်ချိုး ပေးပါ။ အိမ်ပြန်ပြီး အခုရေချိုး ပေးပါဆိုပြီး ပြန်လွှတ်တယ်။ အားကိုးတကြီးသွားပါလျက်နဲ့ က လေးက မသေသင့်ဘဲသေရတာ။ အဲဒီဆရာဝန်အမျိုးသမီးကို မ ကျေနပ်ပါဘူး’’ ဟု မစုနန္ဒာက ပြောသည်။

အဆိုပါ ကလေး၏ ဦးခေါင်း သည် ချွေးများထွက်နေသည်ဆို ကာ ပြင်ပလူနာဌာနသို့ လာ ရောက်ပြသရာ တာဝန်ကျဆရာ ၀န်အမျိုးသမီးက စမ်းသပ်ကြည့် ရှုပြီးနောက်နှလုံးခုန်နှုန်းကောင်း ခြင်း၊ အသက်ရှူမမြန်ခြင်း၊ နို့စို့ နိုင်ခြင်းတို့ကြောင့် မစိုးရိမ်ရ ကြောင်း၊တစ်ခုခုဖြစ်ပါက ဆေးရုံ သို့ပြန်လာရန်နှင့် ကလေးအား နို့တိုက်ရန်မှာကြားခဲ့ကြောင်း၊ ကလေးသည် မွေးဖွားစဉ်က လမ စေ့၊ ပေါင်ချိန်မစေ့ခဲ့သဖြင့် ဆေး ရုံတက်ကုသရသည့် မှတ်တမ်းရှိ သည်ဟု သိရကြောင်း ပြည်ဆေး ရုံအုပ်ကြီး ဒေါက်တာခင်မေသွင် ကပြောသည်။

မွန်းလွဲပိုင်းတွင် ဆေးရုံကြီး  ကလေးကုသဆောင်သို့ အဆိုပါ  ကလေးငယ်ပြန်လည်ရောက်ရှိ လာပြီး အသက်ရှူနှုန်းနှေးခြင်း၊ နှ လုံးခုန်နှုန်းနှေးခြင်းများကြောင့်  အရေးပေါ် ကုသခဲ့ရကြောင်း၊  ကလေးဆရာဝန်၏ သဘောထား မှတ်ချက်အရ ဦးနှောက်အမြှေး ရောင်ရောဂါဖြစ်ပြီး ကလေးသည် အခြေအနေ မကောင်းတော့ဟု သိရကြောင်း ၎င်းကဆိုသည်။ ‘‘စမ်းသပ်လိုက်တဲ့ ဆရာဝန် တွေကတော့အဓိကပါပဲ။ အစည်း အဝေးပြန်ထိုင်ရမှာပေါ့။ ဘယ် နေရာမှာ ဘာလိုအပ်လဲ။ လိုအပ် တာတွေလုပ်ရမှာပေါ့။ ကလေး ကို စမ်းသပ်လိုက်တဲ့ဆရာဝန်နှစ် ဦးနဲ့လည်းပြန်တွေ့၊ လူနာရှင်တွေ ရှင်ကိုလည်း ပြန်တွေ့ပြီးတော့ ရှင်းပြစရာရှိရင်လည်း ရှင်းပြရမှာ ပေါ့’’ ဟု ဒေါက်တာခင်မေသွင်က ပြောသည်။

No comments:

Post a Comment