Thursday, July 11, 2019

မြန်မာနိုင်ငံ ဆင်းရဲရခြင်းမှာ တောင်သူလယ်သမားများ ဆင်းရဲခြင်းကြောင့်ဖြစ် တောင်သူလယ်သမားများ ချမ်းသာလာမှ တိုင်းပြည် ချမ်းသာလာမည်ဟု သူရဦးရွှေမန်း ဆို

မြန်မာနိုင်ငံ ဆင်းရဲရခြင်းမှာ တောင်သူလယ်သမားများ ဆင်း ရဲခြင်းနေကြောင့်ဖြစ်ပြီး တောင်သူလယ်သမားများ ချမ်းသာလာမှ တိုင်းပြည်ချမ်းသာလာမည်ဟု သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ ဇူလိုင် ၈ ရက် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့တွင်ကျင်းပသည့် ပြည်ထောင်စုကောင်းကျိုးပါတီတွေ့ဆုံပွဲများတွင် ၎င်းင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီက သတင်း ထုတ်ပြန်သည်။



”မြန်မာနိုင်ငံဆင်းရဲရခြင်းမှာ တောင်သူလယ်သမားများ ဆင်းရဲ နေရခြင်းကြောင့်ဖြစ်ပြီး တောင်သူများချမ်းသာလာပါက တိုင်းပြည် လည်းချမ်းသာလာမှာဖြစ်ပါကြောင်း၊ ပြည်သူကယုံကြည်စွာ တာဝန် ပေးလျှင် တာဝန်ယူမှု၊ တာဝန်ကျေမှု၊ တာဝန်ခံမှုတို့ဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း”ဟူ၍ ပြည်ထောင်စုကောင်း ကျိုးဆောင်ပါတီ၏ ခေါင်းဆောင်သူရဦးရွှေမန်းက ပြောကြားခဲ့ သည်ဟု ပါတီ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒီမိုကရေစီစနစ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု တို့သည် အရေးအကြီးဆုံးဖြစ်ပြီးတာဝန်ရှိသူ၊ တာဝန်ယူထား သူတို့ကဥပဒေနှင့်အညီ တာဝန်ကျေအောင် ဆောင်ရွက်ပေးရမည် ဟုလည်း ၎င်းင်းကဆိုသည်။

”မိမိတို့ ဆောင်ရွက်ချက်များကိုတာဝန်ယူပါကြောင်း၊ တာဝန် ကျေအောင်လည်းဆောင်ရွက်ခဲ့ပါကြောင်း၊ တာဝန်ကျေအောင် မလုပ်နိုင်လျှင် နုတ်ထွက်သွားမည် ဖြစ်ပါကြောင်း၊ တာဝန်လည်းခံ ပါကြောင်း”ဟူ၍ ၎င်းင်းကဆက်လက် ပြောသည်။

ယင်းကြောင့် ၎င်းင်းအနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကလည်း လယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်း များ၊ အခြေခံလူတန်းစားများအပါအဝင် နိုင်ငံသားများ၏ မူလအခွင့်အရေးများ မှန်ကန်မျှတစွာ ရရှိရေးအတွက်တစိုက် မတ်မတ်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင်လည်းဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း ၎င်းင်းကပြောသည်။

တောင်သူလယ်သမားများ၏ ဘဝမြင့်မားရေးအတွက်လည်း ၎င်းပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်က ”တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ”ကို ပြဋ္ဌာန်းပေးခဲ့ကြောင်းလည်း ၎င်းင်းက ဆက်လက်ပြော သည်။

No comments:

Post a Comment