Thursday, July 11, 2019

မြစ်ငါးစင်းရေတက်လာ၍ မြစ်ကမ်း တစ်လျှောက် နေထိုင်သူများသတိပြုရန်လို ဒေသအချို့ နေရာကွက်မိုးကြီးနိုင်

 မြို့ခြောက်မြို့၌ ရေကြီး နစ်မြုပ်မှု ကြုံတွေ့နေရစဉ် ဧရာဝ တီနှင့်ချင်းတွင်းမြစ်အပါအဝင် မြစ်ငါးစင်းရေတက်လာ၍ မြစ် ကမ်းဘေးဒေသများ ရေဘေးသ တိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိ ပေးချက် ထုတ်ပြန်သည်။ အလယ်ပိုင်းဒေသမှအပ မြန်မာနိုင်ငံဒေသအများအပြား တွင် ဇူလိုင်လဆန်းကစတင်ကာ မိုးကောင်းပြီးနောက်   မွန်ပြည် နယ် ဘီးလင်းမြို့နယ်၊ ကချင် ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် နှင့် ဆဒုံးမြို့၊ စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးနှင့် ကသာမြို့တွင် မြေ နိမ့်ပိုင်းနေရာများ၌ ရေကြီးနစ် မြုပ်မှု ကြုံတွေ့နေသည်။



ဇူလိုင် ၁၀ ရက် ညနေစာရင်း အရ ဘီးလင်းနှင့် ဝိုင်းမော်မြို့မှ ဒေသခံလူဦးရေ ၈၀၀ ထက် မနည်းကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းထားရသည်။ ဝိုင်းမော်နှင့် ဆဒုံမြို့ရှိ ကျေးရွာအချို့တွင် လည်း ရေကြီးနစ်မြုပ်နေသည်။ ခန္တီးမြို့တွင်လည်း မိုးကောင်းနေ ပြီး ချင်းတွင်းမြစ်ရေတိုးလာရာ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရေး ဆောင်ရွက်နေသည်ဟု စစ်ကိုင်း တိုင်းဒေသကြီး  ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးစဝီ လီဖရန့်က ပြောသည်။

‘‘မြို့ထဲကို ရေမဝင်အောင် ရေထိန်းတံခါးကို ဒီနေ့ (ဇူလိုင် ၁၀ ရက်) ပိတ်လိုက်ပြီ။ အနည်း ဆုံး လူဦးရေ ၈၀၀ လောက် ခိုလှုံ နိုင်ဖို့ ကြိုတင်စီမံထားတယ်’’ ဟု ဦးစဝီလီဖရန့်က ပြောသည်။

ဧရာဝတီမြစ်ရေသည် မြစ် ကြီးနား၊ ဗန်းမော်နှင့် ရွှေကူမြို့၊ ချင်းတွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မလင်းမြို့၊ ဘီးလင်း၊ စစ် တောင်းနှင့် လေးမြို့မြစ်သည် ဘီး လင်း၊ ရွှေကျင်နှင့်မြောက်ဦးမြို့ တွင် စိုးရိမ်ရေမှတ်အနီးသို့ရောက် နေ၍ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများ ရေဘေးအထူး သတိပြုနေထိုင်ရန် မိုးဇလက ယမန်နေ့က သတိပေးသည်။

‘‘ချင်းတွင်းမြစ်နဲ့ဧရာဝတီ မြစ်ဖျား ရေဝေရေလဲဒေသတွင် မိုးကောင်းစွာ ရွာသွန်းသော ကြောင့် မြစ်ရေများတက်လာ ခြင်း၊ တောင်ကျရေများ ကျဆင်း ခြင်းတို့ဖြစ်တတ်ပါတယ်။ ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက် ပိုင်းနဲ့ ကချင်ပြည်နယ်နေပြည်သူ များ သတိပြုနေထိုင်ရန် လိုအပ်ပါ လိမ့်မယ်’’ ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သ တိပေးထားသည်။

အိန္ဒိယနိုင်ငံဘက်မှ တိုးဝင် လာသော မုတ်သုံလေဖိအားနည်း မြှောင်တန်းသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ် သန်းနေ၍ စစ်ကိုင်းတိုင်းဒေသ ကြီးအထက်ပိုင်းနှင့် ကချင်ပြည် နယ်တွင် နောက်သုံးရက်အတွင်း မိုးကြီးနိုင်ကြောင်းလည်း မိုးဇလ က ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၀ ရက်က နေရာ ကွက်မိုးကြီးခဲ့ရာ လတ်တလော ရေကြီးနစ်မြုပ်မှုကြုံတွေ့နေ သော မြို့များအပါအဝင် ၁၈ မြို့ ၌ ပုံမှန်ထက်မိုးရေချိန် ပိုခဲ့သည်။ ခန္တီးမြို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၈ ဒသမ ၁၅ လက်မ အထိ ရွာခဲ့သည်။ ၂၄ နာရီအတွင်း မိုးရေချိန်သုံးလက်မအထိရွာပါက မိုးကြီးသည်ဟု သတ်မှတ်ထား သည်။ ဇူလိုင် ၁၁ ရက်တွင်လည်း ကချင်၊ မွန်၊ ချင်းနှင့်ရခိုင်ပြည် နယ်၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာကွက် မိုး ကြီးနိုင်ကြောင်း သတိပေးထား သည်။မြစ်ရေများမြင့်တက်နေစဉ် မိုးကောင်းပါက ပုံမှန်ထက်ဆိုးရွား သော ရေဘေးကို ကြုံတွေ့ရလေ့ ရှိသဖြင့် ရေဘေးအတွက် ကြို တင်ပြင်ဆင်ထားရန် မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင် က တိုက်တွန်းထားသည်။

No comments:

Post a Comment