Thursday, July 11, 2019

မဟာအောင်မြေ ကျောက်မျက်ရတနာ ဈေးအတွင်း အင်တာနက် ဝန်ဆောင်မှုအတွက် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်မည်

မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ စျေးအတွင်း အရောင်းအဝယ် ပြုလုပ်နေစဉ်မနၱေလး မဟာအောင်မြေ ကျောက်မျက်ရတနာ ဈေးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုး သွယ်တန်းမှုများနှင့် ရှုပ်ထွေးမှု ဖြစ်ပေါ်ကာ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်နှင့် တရားမဝင် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းများ မရှိစေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကျောက်ဝိုင်းအတွင်း ဝန်ဆောင်မှု ပေးနိုင်မည့် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်ယူ ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဇူလိုင်လဆန်းအတွင်း ကျောက်ဝိုင်းရှိ ဈေးသူ၊ ဈေးသားများအား တရားမဝင် အင်တာနက်ဝိုင်ဖိုင်ကြိုး တပ်ဆင်ရောင်းချသည့် တရုတ်နိုင်ငံသား တစ်ဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီး အရေးယူမှုများ ပြုလုပ်ထားကာ ယင်းကဲ့သို့ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်နှင့် ကျောက်ဝိုင်းအတွင်း ကြိုးသွယ်တန်းမှုများ များပြားခြင်းများ ရှိနေခြင်းကြောင့် တင်ဒါချထား လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီနေ့ဖြစ်စဉ် စစ်ဆေးတွေ့ရှိတာကလည်း မီးကြိုးတွေ၊ သွယ်တန်းထားတဲ့ကြိုး တွေ ရှုပ်ထွေးနေတဲ့အတွက် ကွင်းဆင်းကြည့် ရှုရင်း တရားမဝင်လုပ်ကိုင်နေမှုကို သိရှိခဲ့ တာပါ။ ဒါကြောင့် ကျွန်တော်တို့စည်ပင်သာ ယာအနေနဲ့ ဒီကျောက်ဝိုင်းထဲမှာ ဆက်သွယ် ရေးကုမ္ပဏီတွေကို တင်ဒါပစ်မှာပါ။ ဒီလမှာ တင်ဒါပစ်ဖို့ရှိတယ်။ ဒါအတွက် နည်းပညာ ကျွမ်းကျင်တဲ့သူတွေနဲ့ တိုင်ပင်နေတယ်။ တင် ဒါပစ်တဲ့အခါမှာ တစ်ခုတည်းမဟုတ်ဘဲ ကုမ္ပဏီ နှစ်ခု၊ သုံးခုလောက်ကို အဓိကထား ရွေးပေးသွားမှာပါ။ တစ်ခုတည်း ရွေးချယ်ချပေးရင် ဈေးကွက် လက်ဝါးကြီးအုပ်ပြီးတော့ လုပ်ကိုင်မှုတွေဖြစ်မှာစိုးလို့ ကုမ္ပဏီ နှစ်ခု၊ သုံးခုလောက်ကို ချထားပေးသွားမှာပါ။ အဲဒီခါ ကြရင်လည်း အားလုံးကို ပွင့်လင်းမြင်သာစွာနဲ့ ဖိတ်ခေါ်သွားမှာပါ။ တကယ်လို့ မရိုးသားတာတွေရှိရင် ကျွန်တော်တို့ ကော်မတီဆီကို လာရောက် တိုင်ကြားနိုင်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။ လက်ရှိတွင် ကျောက်မျက်ဈေးအတွင်း အင်တာနက် အသုံးပြုရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီ အသီးသီးမှ ကြိုးသွယ်ထားမှုမှာ ကြိုးများရှုပ်ထွေးလျက်ရှိပြီး လိုင်းကြိုးအရေအတွက် ၂၀ဝ ကျော်ရှိကြောင်း သိရသည်။

ကျောက်မျက်ဈေးအတွင်း ဆိုင်ခန်းအရေအတွက်မှာ တစ်ထောင်ကျော်ရှိပြီး အင်တာနက်အသုံးပြုကာ ဝီချက်ဖြင့် တရုတ်ဈေးကွက်သို့ တိုက်ရိုက်ရောင်းချခြင်းကြောင့် အင်တာနက် ဝန်ဆောင်မှု အသုံးပြုသူ များပြားခြင်းဖြစ်ကာ အသုံးပြုသူများ အဆင်ပြေမည့် အရည်သွေးရှိ ကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တင်ဒါအောင်မြင်ပြီး ယင်းကုမ္ပဏီများ၏ ဝန်ဆောင်မှုများ အဆင်ပြေသည့် အချိန်မှ တင်ဒါမအောင်သည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပိတ်သိမ်းရပ်နား သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment