Thursday, July 11, 2019

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည့် ကလေးများအတွက် တရားရုံးစရိတ်နှင့် လူမှုကူညီထောက်ပံ့မှု ဒီချုပ်ရုံးများတွင် ရယူနိုင်ဟုဆို

လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခံရသည့် ကလေးများအတွက်  တရားရုံးကုန်ကျစရိတ်နှင့်  လူမှု ရေးထောက်ပံ့မှုများကို တိုင်းနှင့် ပြည်နယ် အသီးသီးရှိကော်မတီ ခွဲများတွင် အသိပေးအကူအညီ တောင်းခံနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါက်တာမေ၀င်းမြင့်က ပြောသည်။ေ ငွကြေး ထောက်ပံ့နိုင်ရန် ရန်ပုံငွေဆိုင်ရာ ဘဏ်အကောင့် တစ်ခုကို ဒီချုပ်ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဝင်များ၏ ကမ ကထပြုထည့်သွင်းမှုဖြင့်  ဖွင့်လှစ် ထားကြောင်း ၎င်းကပြောသည်။



‘‘တိုင်းနဲ့ ပြည်နယ်မှာလည်း သက်ငယ်မုဒိမ်းမှုတွေ အများကြီး ဖြစ်လေ့ရှိတယ်။ ကျွန်မတို့ ဒါတွေ ကို အလုံးစုံမတားဆီးနိုင်သေးတဲ့ အချိန်မှာတော့ သက်ငယ်မုဒိမ်း အတွက်ကို ခေါင်းစဉ်တစ်ခုဘဏ် အကောင့်ဖွင့်ပြီး ထောက်ပံ့မှုတွေ လုပ်နေပါတယ်။ ဒီလိုဖြစ်စဉ် အများစုက ခရိုင်တရားရုံးကို တက်ရောက်ရတဲ့အတွက် အဖွဲ့ မှာရှိတဲ့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နဲ့ ချိတ်ပြီးတော့ ရှေ့နေလိုသလား၊  ဒါမှမဟုတ်ရင် သူတို့ အမှုလမ်းကြောင်းအရ အားလုံးချိတ်ဆက်ပေးပြီးတော့ ကူညီပံ့ပိုးမှုတွေကို ဖြည့်ဆည်း ပေးပါမယ်’’ ဟု ဒေါက်တာမေ၀င်း မြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မုဒိမ်းမှု ကျူးလွန်သူများကို တရားရုံးများ အနေဖြင့် အချိန်မဆွဲဘဲ အမြန် ဆုံးထောင်ဒဏ် ချမှတ်နိုင်ရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်  စာရင်းတွင် လုံးဝထည့်သွင်းရန် မသင့်ကြောင်း ဒီချုပ်ဗဟိုအမျိုး သမီးလုပ်ငန်းကော်မတီ အဖွဲ့ဝင် များက ထုတ်ဖော်ပြောကြားထား သည်။

‘‘မုဒိမ်းမှု ကျူးလွန်ခံလိုက်ရ တဲ့ ကလေးငယ်တွေဘက်က ဘယ်လိုရပ်တည်မလဲ ဆိုတာတွေ ကို ကျွန်မတို့အဓိက စဉ်းစားပါ တယ်။ မုဒိမ်းမှုကျူးလွန်တဲ့သူကို ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့၊ တရားမျှတမှုဖြစ်နိုင်ဖို့၊ လူ့အဖွဲ့ အစည်းက ဒီလိုလူမျိုးကို လုံးဝ လက်မခံဘူးဆိုတဲ့ ထောင်ဒဏ် ပြစ်ဒဏ်သာမက လူ့အသိုင်းအ ၀ိုင်းက ဖယ်ကြဉ်စေတဲ့ပညာ ပေးမှုတွေ လုပ်ရမယ်’’ ဟု လည်း ကော်မတီအတွင်းရေးမှူး ဒေါ်ဇင် မာအောင်က ပြောသည်။

လက်ရှိတွင် ကော်မတီအနေ ဖြင့်သက်ဆိုင် ရာဝန်ကြီးဌာနနှင့် အမျိုးသမီးအရေး လှုပ်ရှားနေ သည့် အဖွဲ့အစည်းများနှင့် ချိတ် ဆက်၍ သက်ငယ်မုဒိမ်းမှုကျူး လွန်ခံရသည့် သူများတရားမျှမှု ရရှိရေးနှင့် နောက်ထပ်ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး တိုက်တွန်း မှုများ စတင်ဆောင်ရွက်နေ ကြောင်း ကော်မတီဝင်များက ပြောကြားသည်။ 

မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အဓမ္မပြုကျင့်သူ ကို ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဖြစ်စေချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ သက်ငယ်မုဒိမ်းများ ပြစ်ဒဏ်ချ မှတ်မှုအခြေအနေသည် ၂၀၁၆ နှစ်ကုန်ကစ၍ ခရိုင်အဆင့်တရားရုံးများတွင် စစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ် ပွားခြင်းနှင့်ပတ်သက်၍ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က စင်ကာပူ နိုင်ငံရောက် မြန်မာပြည်သူများ နှင့် တွေ့ဆုံစဉ်က ၎င်းတို့၏ မေး မြန်းချက်အပေါ် ပြန်လည်ဖြေ ကြားရာတွင် သက်ငယ်မုဒိမ်းမှု များကို ထိန်းချုပ်နိုင်ရန် ဥပဒေ များဖြင့် တင်းကျပ်ရုံသာမကလူမှုရေးပြဿနာများပါ အရေးတယူ  ဂရုစိုက်ဆောင်ရွက်သင့် ကြောင်း အကြံပေးပြောကြားဖူး သည်။

No comments:

Post a Comment