Thursday, July 11, 2019

လစ်ဗျားတွင် စစ်ဘုရင်ဟက်ဖ်တာ၏ စခန်း၌ ပြင်သစ်ဒုံးများတွေ့ရှိခဲ့

 ဇွန် ၂၉ ရက်တွင် ဂါယာနာမြို့၌ သိမ်းဆည်းရမိသော အမေရိကန်လုပ် Javelin ဒုံးများကို မီဒီယာထံ ပြသခဲ့စဉ်လစ္ဗ်ားစစ္ဘုရင္ ခါလီဖာဟက္ဖ္တာ၏ သစၥာခံတပ္ဖြဲ့ဝင္မ်ား အသုံးပြုသည့် စခန်းတစ်ခုတွင် ပြင်သစ်ဒုံးများအား တွေ့ရှိခဲ့ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ကုလသမဂ္ဂ၏ လက်နက်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းအား ချိုးဖောက်မှုမြောက်သည့် ထိုတပ်ဖွဲ့ဝင်များထံ ဒုံးများပေးပို့ထားခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။ လစ်ဗျားမြို့တော် ထရီပိုလီတောင်ဘက်ရှိ စခန်းတစ်ခုတွင် တွေ့ရှိခဲ့ရသည့် အမေရိကန်လုပ် Javelin ဒုံးများသည် စစ်ဘေးသင့် လစ်ဗျားတွင် လှုပ်ရှားနေသည့် ပြင်သစ်တပ်ဖွဲ့များထံ ပေးထားခြင်းဖြစ်ကြောင်း၊ သို့သော် ထိုဒုံးများသည် ချွတ်ယွင်းနေပြီး ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုဒုံးများအား ဒေသဆိုင်ရာတပ်ဖွဲ့များထံ လွှဲပေးခဲ့ခြင်းမရှိကြောင်းလည်း ထိုကြေညာချက်၌ ဖော်ပြခဲ့သည်။


ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရအား သစ္စာခံသည့် တပ်ဖွဲ့ဝင်များက ဟက်ဖ်တာ၏ တပ်ဖွဲ့ဝင်များအသုံးပြုသော ဂါယာနာမြို့ရှိ အခြေစိုက်စခန်းတစ်ခုအား ထိန်းချုပ်ခဲ့သည့် ဇွန် ၂၉ ရက်တွင် Javelin ဒုံးလေးစင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်က ထိုဒုံးများအား သတင်းထောက်များထံ ပြသခဲ့ပြီး တင့်ကားများနှင့် အခြားယာဉ်များအား တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သည့် ထိုလက်နက်များအား မည်သူက ပိုင်ဆိုင်ကြောင်း ဖော်ထုတ်နိုင်ရန် အမေရိကန်က စုံစမ်းစစ်ဆေးခဲ့သည်။

ထိုလက်နက်များသည် ထောက်လှမ်းရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေး မစ်ရှင်များအား လုပ်ဆောင်နေသည့် တပ်ဖွဲ့ဝင်များကို ကာကွယ်ပေးရန်အတွက်ဖြစ်ကြောင်း ပြင်သစ်က ထုတ်ပြန်ခဲ့သည်။

ဂါယာနာရှိ ထိုစခန်းတွင် ယူအေအီးစစ်တပ်၏ အမှတ်တံဆိပ်ပါဝင်သော လက်နက်ကြီးကျည်ဆန်များကိုလည်း မီဒီယာထံ ပြသခဲ့ကြောင်း ထရီပိုလီအခြေစိုက် လစ်ဗျားအစိုးရသစ္စာခံတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ကြသည်။

ပြီးခဲ့သောဇွန်လကုန်၌ ထရီပိုလီ တောင်ဘက်ရှိ စခန်းတွင် တွေ့ရှိခဲ့သော ထိုဒုံးများအား ပြင်သစ်က ဝယ်ယူထားခြင်းဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက နယူးယောက်တိုင်းမ်သတင်းစာတွင် ဖော်ပြမှုကို အတည်ပြုခဲ့သည်။

တစ်စင်းလျှင် ဒေါ်လာ ၁၇၀ဝ၀ဝ (ယူရို ၁၅၀ဝ၀ဝ) စီ တန်ဖိုးရှိသော တင့်ကားဖျက် ထိုဒုံးများသည် ချွတ်ယွင်းမှုရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ထိုဒုံးများ ပျောက်ဆုံးသွားခဲ့ကြောင်း ပြင်သစ်က ထုတ်ပြန်ခဲ့သော်လည်း မည်သို့ပျောက်ဆုံးသွားခဲ့ကြောင်းကိုမူ ရှင်းလင်းချက်မထုတ်ပြန်ခဲ့ပေ။

လစ်ဗျားသို့ လက်နက်ရောင်းဝယ်မှု ပိတ်ပင်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် သက်ဝင်စေရန် ပြင်သစ်က လူသိရှင်ကြား တိုက်တွန်းထားခဲ့ပြီး လစ်ဗျားထဲသို့ ပြည်ပလက်နက်များဝင်ရောက်မှုကို ဟန့်တားရန် ဥရောပသမဂ္ဂကလည်း Operation Sophia ဟုခေါ်သော စစ်ဆင်ရေးကို လစ်ဗျားကမ်းရိုးတန်းအလွန်၌ လုပ်ဆောင်နေသည်။

မြေပြင်အခြေအနေတွင် ဟက်ဖ်တာ၏ တပ်ဖွဲ့ဝင်များအား ကူညီပေးနေကြောင်း စွပ်စွဲချက်များကို ကာလရှည်ကြာ ငြင်းဆန်ခဲ့သော ပြင်သစ်အတွက် ယခုကဲ့သို့ဝန်ခံခဲ့မှုက စိတ်ပျက်စရာဖြစ်စေမည်ဖြစ်သည်။ ပြင်သစ်သည် နိုင်ငံတကာတွင် ဟက်ဖ်တာအား သံတမန်ရေးအရလည်း ထောက်ပံ့ပေးထားသည်။

ဟက်ဖ်တာသည် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရအား ဖြုတ်ချရန်အတွက် ဧပြီ ၄ ရက်တွင် ထရီပိုလီအား သိမ်းယူမည့်ထိုးစစ်ကို စတင်ခဲ့ပြီး ယင်းနောက်ပိုင်း တိုက်ခိုက်မှုများအတွင်း လူ ၁၀ဝ၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်သည်။

လစ်ဗျားတွင် ၂၀၁၁ ခုနှစ်၌ အာဏာရှင် မွမ်မာကဒါဖီ ချေမှုန်းခံရပြီးနောက်ပိုင်း ခြေကုပ်ရရှိခဲ့သည့် အစ္စလာမ္မစ် စစ်သွေးကြွများအား နှိမ်နင်းရန် ဟက်ဖ်တာသည် အကာအကွယ်တစ်ခုဖြစ်ကြောင်း ရုရှားနှင့် အီဂျစ်အပါအဝင် ゞင်း၏ မဟာမိတ်များက ရှုမြင်ထားကြသည်။

No comments:

Post a Comment