Thursday, July 11, 2019

အကူအညီပေးရေး ခရီးစဉ်များ ကန့်သတ်ခံရခြင်းကြောင့် ရခိုင်စစ်ရှောင်ပြည်သူများ အကျပ်အတည်းကြုံတွေ့နေဟုဆို

လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေး ရေး ကိစ္စများ သွားလာခွင့်ကို အစိုးရက ကန့်သတ်ခြင်းသည် ရခိုင်စစ်ရှောင်ပြည်သူများ ပိုမိုအခက်အခဲဖြစ်စေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ဇူလိုင်၁၀ရက်တွင် ပြောသည်။ အစားအစာနှင့် အကူအညီ အချို့ဆက်လက်ပံ့ပိုးနေသော် လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့် ကန့်သတ်မှု ရခိုင်ပြည်နယ် မင်း ပြားမြို့နယ် ကျေးလက်ဒေသ များတွင် ဆက်လက်ရှိနေဆဲဖြစ် ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ဇူလိုင် ပထမပတ်အတွက် မြန်မာနိုင်ငံ အစီရင်ခံစာ ၌ ဖော်ပြသည်။



ရခိုင်ပြည်နယ်အတွင်း အကူအညီပေးရေး သွားလာခွင့် ကန့် သတ်မှုအသစ်များကြောင့် ထိခိုက်လွယ်သော အခြေအနေရှိသူများ ၏ အဓိကဝန်ဆောင်မှုများရရှိမှု ပြတ်တောက်ခဲ့ကြောင်း UNOCHAက ဆိုသည်။

‘‘နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ အစိုးရကလည်း ကိုယ် လည်း မလုပ်နိုင်ဘူး။ လုပ်မယ့်သူ တွေကိုလည်း ကန့်သတ်ထား တယ်။ ပြီးရင် ဒီမှာ ဒေသခံတွေကကိုယ့်ရဲ့ဒေသခံတွေကို ထောက်ပံ့ မယ်ဆိုတာတောင်မှ အခုအစိုးရ က တရားဝင် ဆန်အိတ် ငါးအိတ် ထက်ကို ပိုယူဆောင်ခွင့်မရှိဘူးဆို တဲ့ အမိန့်ညွှန်ကြားစာတွေ ထုတ် ထားတာတွေရှိတယ်’’ဟု မင်းပြား ပြည်နယ် လွှတ်တော်ကိုယ်စား လှယ်က ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့ တွင် လက်ရှိ စစ်ရှောင်ပြည်သူ ၅,၀၀၀ ကျော်ရှိကြောင်း ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အချက်အလက်များ ၌ ဖော်ပြသည်။ လက်ရှိတွင် စစ် ရှောင်စခန်းအချို့ မိုးရေကြီးမှု အန္တရာယ် ရင်ဆိုင်နေရကြောင်း ဦးလှသိန်းအောင်က ပြောသည်။

‘‘နိုင်ငံတကာက လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေက ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲ ဖြစ်နေတဲ့ဒေသတွေ၊ အဲဒီဒေသ တွေကို သူတို့က လူသားချင်းစာ နာတဲ့အနေနဲ့ လှူချင်တယ်။ အစိုးရကတော့ အဲဒီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေတင်မကဘူး။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အ ဖွဲ့အစည်းတွေကိုတောင်မှ ကန့် သတ်ထားတာရှိပါတယ်။ အခုဆို တိုက်ပွဲမဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစလို့ ပန်းမြောင် ကချောင်းမှာဆိုရင် ရေကြီးတာ ကြောင့် ပြည်သူတွေ တအားကြီး ဒုက္ခရောက်နေကြတယ်’’ဟု ၎င်း က ပြောသည်။

စစ်ရှောင်စခန်းအချို့သည် အလွယ်တကူ သွားရောက်နိုင်သော်လည်း အချို့စခန်းများသည် လုံခြုံရေးအရ ခွင့်ပြု သင့်၊ မသင့်  အစိုးရက လုံခြုံရေးရှုထောင့်ကစဉ်းစားပေးရကြောင်း ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်းက ပြောကြားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် ညတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ရေးပစ္စည်းများ တင် ဆောင်လာသည့် ကုန်တင်ယာဉ် တန်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီး ရခိုင်ဒေသ၌ လက်ရှိထိ တပ် မတော်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA)တို့အကြား တိုက်ပွဲများ ရှိနေဆဲဖြစ်သည်။

No comments:

Post a Comment