Thursday, July 11, 2019

အောင်လံမြို့ မြို့အထွက်လမ်းကို ငွေကျပ်သိန်း ၁၅ဝဝ အကုန်အကျခံကာ စက်တင်ဘာလအပြီး လမ်းအဆင့်မြှင့်တင်သွားမည်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံ မြို့ မြို့ပတ် လမ်းမြောက် ဘက် မြို့ အထွက်အထိ လမ်းပေ ၇၉ဝဝ ကျော်ကို ငွေကျပ်သိန်း ၁၅ဝဝ အကုန်အကျခံကာ စက်တင်ဘာလ အပြီး လမ်းအဆင့်မြှင့်တင်သွား မည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက် နံနက် ၁ဝ နာရီက အောင်လံမြို့ နယ်စည်ပင် သာယာရေးအဖွဲ့ရုံး ခန်းမ၌ ကျင်းပသောမြို့ပတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တင် ဒါအောင်မြင်သောကုမ္ပဏီများ၏ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရပ်ကွက်ကော်မတီ များတွေ့ဆုံပွဲမှ သိရသည်။



”အောင်လံမြို့ရဲ့ မြို့ပတ်လမ်း ကြီးကို မြောက်ဘက်ပြည်လမ်းမ အထိ ကျန်ရှိနေတဲ့ပေ ၇၉ဝဝ ကျော်ကို ကျပ်သိန်း ၁၅ဝဝ အကုန် အကျခံကာ တင်ဒါစနစ်နဲ့ လမ်း အဆင့်မြှင့်တင်မှာပါ။ အဲဒီလမ်း အဆင့်မြှင့်တင်ပြီးသွားတဲ့အခါ မြို့တွင်းယာဉ်ကြောကျပ်တာတွေ မတွေ့ရတော့ဘဲ ရပ်ကွက်နေပြည် သူတွေ လူမှုစီးပွားရေးတွေ ဖွံ့ဖြိုး လာမှာဖြစ်ပါတယ်”ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိ ဦးမြလင်းက ပြော သည်။

အဆိုပါလမ်းကို မြေသား ထုတ်ဖော်ခြင်းနှင့် ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၉ ရက်မှစတင်ကာ တင်ဒါရ ကုမ္ပဏီများက လုပ်ငန်းများဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ ”ဒီမြို့ပတ်လမ်းကြီးကို အဆင့် မြှင့်တင်ပေးတဲ့အတွက် ရပ်ကွက် နေပြည်သူတွေ အဆင်ပိုပြေသွား မှာပါ။ အရင်က မြို့တွင်းမှာ ယာဉ် အန္တရာယ်ဖြစ်မှုတွေလည်း ကင်းရှင်း မှာပါ။ ဒီဘက် မကျီးကုန်းရပ်ကွက် ဈေးကုန်းရပ်ကွက်နဲ့ ဇေယျဝတီရပ် ကွက်ပြည်သူတွေအတွက် အခုမြင် နေရတဲ့လမ်းထက် ပိုကောင်းသွား မှာဖြစ်တဲ့အတွက် ဝမ်းသာနေကြ ပါတယ်”ဟုမကျီးကုန်းရပ်ကွက်နေ ဦးအောင်မြင့်ကပြောသည်။

အောင်လံမြို့ မြို့ပတ်လမ်း မှာ မြို့တောင်ဘက် ရွာထောင်ရပ် ကွက်မှ မြို့မြောက်ဘက် မကျီးကုန်း ရပ်ကွက်အထိ စုစုပေါင်းပေအ ရှည် ၁၉၃၂၇ ပေရှိရာ ယခုကျန်ရှိနေ သော မြို့မြောက်ဘက်လမ်း မြောက် ဘက် ပေ ၇၉၂ဝ အား ၁၈ ပေ အကျယ် ကိုးလက်မ ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ဖြစ်ကာ ရွာထောင်ရပ်ကွက်၊ စက် ရုံရပ်ကွက်၊ စမ်းချောင်းရပ်ကွက်၊ တရော်ကုန်းရပ်ကွက်၊ ဇေယျဝတီ ရပ်ကွက်၊ ဈေးကုန်းရပ်ကွက်နှင့် မကျီးကုန်းရပ်ကွက်တို့အား ဖြတ် သန်းဖောက်လုပ်ပေးထားခြင်းဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment