Thursday, July 11, 2019

အမေရိကန်က ဟစ်ဇ်ဘိုလာဥပဒေပြုအမတ်များကို အမည်ပျက်စာရင်းတွင် ပထမဆုံးအကြိမ်ထည့်သွင်း

အမေရိကန်ဘဏ္ဍဍာရေးဝန်ကြီးဌာနက လက်ဘနွန်ပါလီမန်မှ ဟစ်ဇ်ဘိုလာဥပဒေပြုအမတ်နှစ်ဦးကို ဇူလိုင် ၉ ရက်က အမည်ပျက်စာရင်း ထည့်သွင်းခဲ့သည်။ ယင်းသည် အီရန်မဟာမိတ်အဖွဲ့၏ ရွေးချယ်တင်မြှောက်ခံထားရသော နိုင်ငံရေးသမားများကို အမေရိကန်က ပစ်မှတ်ထားပြီး အမည်ပျက်စာရင်းတွင် ပထမဆုံးအကြိမ် ထည့်သွင်းမှုဖြစ်သည်။



သြဇာကြီးလက်ဘနွန်ရှီအိုက်အဖွဲ့အပေါ် ကမ္ဘာတစ်ဝန်းဖိအားပေးမှုများ အရှိန်အဟုန်မြှင့်တင်ရန် ကြိုးစားနေစဉ်   ဥပဒေပြု လွှတ်တော်အမတ်များဖြစ်သည့် Amin Sherri နှင့် Muhammad Hasan Raad တို့ကို အကြမ်းဖက်မှုနှင့် ဆက်စပ်ပြီး အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ဟစ်ဇ်ဘိုလာတို့သည် အကြမ်းဖက်လှုပ်ရှားမှုများကို ပြန့်ပွားစေရန် ပါလီမန်၏ သြဇာကို အသုံးပြုခဲ့ကြောင်း အမေရိကန်ဘဏ္ဍဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၁၈ ခုနှစ် မေ ၆ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လက်ဘနွန်ရှီအိုက် ဟစ်ဇ်ဘိုလာပါတီက အမတ်နေရာ ၁၂၈ နေရာအနက် ၁၃ နေရာကို အနိုင်ရရှိခဲ့သည်။ ယင်းပါတီသည် ဇန်နဝါရီ ၃၁ ရက်က ဖွဲ့စည်းခဲ့သည့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်ခဲ့ပြီး ဝန်ကြီးဌာနသုံးခုကို အုပ်ချုပ်ခွင့်ရရှိခဲ့သည်။ သို့သော် အမေရိကန်က ယင်းအဖွဲ့၏ နိုင်ငံရေးနှင့် စစ်ဘက်လှုပ်ရှားမှုသည် သီးခြားစီဖြစ်ကြောင်း သတ်မှတ်မည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။


ထို့အပြင် ယင်းအဖွဲ့၏ အတွင်းရေးမှူးချုပ် Hassan Nasallah နီးစပ်သည့်   ဟစ်ဇ်ဘိုလာထိပ်တန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Wafiq Safa ကိုလည်း အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို ကူညီပံ့ပိုးပေးရန်အတွက် ゞင်းတို့၏ ရာထူးအရှိန်အဝါကို အသုံးပြုခဲ့သူသုံးဦးကို အမေရိကန်က ပစ်မှတ်ထားခဲ့ကြောင်း၊ အီရန်အစိုးရသည် လက်ဘနွန်အချုပ်အခြာအာဏာကို လျော့ပါးစေရန် ဆိုးဆိုးရွားရွား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။

“ဟစ်ဇ်ဘိုလာရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်အဖွဲ့အစည်းတွေအကြား ကွဲပြားမှုတိုင်းဟာ အတုအယောင်တွေပါ။ ဟစ်ဇ်ဘိုလာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအနေနဲ့ သတ်မှတ်ဖို့ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တွေကို တောင်းဆိုပါတယ်” ဟု ゞင်းက ပြောကြားခဲ့သည်။

သို့သော် အမေရိကန်သည် အီရန်နိုင်ငံ ခြားရေးဝန်ကြီး Mohammad Javad Zarif အပေါ် ယခုထိ အရေးယူပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသေးပေ။ ၂၀၁၅ နျူကလီးယား သဘောတူညီမှု ရရှိအောင်စွမ်းဆောင်မှုတွင် အရေးပါသည့် ဇမေင်ကို အမည်ပျက်စာရင်းတွင် ထည့်သွင်းမည့်အစီအစဉ်ကို အမည်မဖော်သည့် အမေရိကန်ထိပ်တန်း အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက အတည်မပြုခဲ့ပေ။ “တီဟီရန်အပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ ကျွန်မတို့ လေ့လာဖော်ထုတ်နေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဇမေင်က အဓိကပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဆိုတာ သိသာထင်ရှားတယ်” ဟု ゞင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment