Thursday, July 11, 2019

ရခိုင်စစ်ဘေးရှောင်စခန်းများ၌ ကျန်းမာရေးမကောင်းသူ ၇၀၀ခန့်ရှိနိုင်ဟု ကူညီရေးအဖွဲ့ထုတ်ပြန် ထက်ဝက်ကျော်မှာ(၁၀)နှစ်အောက်ကလေးငယ်များဟုဆို

ရခိုင်ပြည်နယ်အတွင်းရှိ    စစ်ဘေးဒုက္ခသည်စခန်းများ၌ ဖျားနာသူများအပါအ၀င် ကျန်း မာရေးချွတ်ယွင်းနေသူ ၇၀၀ ခန့် ရှိပြီး အများစုသည် (၁၀) နှစ် အောက် ကလေးငယ်များဖြစ် ကြောင်း ကူညီရေးအဖွဲ့တစ်ခုဖြစ် သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး (REC) က ယ မန်နေ့တွင် ထုတ်ပြန်သည်။ ယခုလအတွင်း မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့်အတူ စစ် ဘေးဒုက္ခသည်စခန်းများတွင် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း အများအပြား ဖြစ်ပေါ်နေရာ ဖျား နာခြင်း၊ အအေးမိချောင်းဆိုးခြင်း၊  ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ယား နာကဲ့သို့ အရေပြားရောဂါနှင့် အ ခြားရောဂါခံစားနေရသူ အများအ ပြားရှိရာ မြောက်ဦးမြို့နယ် တိမ် ညိုတိုက်နယ်အတွင်းရှိ စခန်းခုနစ် ခုတွင် ကျန်းမာရေးမကောင်းသူ ၁၇၁ ဦးရှိသည်ဟု ဆိုသည်။



REC မှ သတင်းအချက်အ လက် ဆက်သွယ်စုစည်းချက်အရ  စခန်းအားလုံးတွင် ကျန်းမာရေး မကောင်းဖြစ်နေသူ ၇၀၀ ခန့်ရှိ မည်ဟု ခန့်မှန်းထားရာ   ယင်းအ ရေအတွက်၏ သုံးပုံနှစ်ပုံခန့်သည် (၁၀) နှစ်အောက် ကလေးများဖြစ် ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ် ကျော်ကဆေး ကုသမှုအချိန်မီမရ သော အမျိုးသမီးတစ်ဦးသေဆုံး ခဲ့ကြောင်း ထုတ်ပြန်သည်။

‘‘ကျန်းမာရေးအပိုင်းက မိမိ နေအိမ်မှာ လုံလုံခြုံခြုံနဲ့နေတာ တောင်မှ မိုးရာသီအခါတုပ်ကွေး တွေ၊ ခြင်၊ ယင်ပေါတဲ့အချိန်အခါ  ရောဂါဖြစ်ကြတဲ့အခါမှာ အခု ဒုက္ခသည်စခန်းမှာဆိုရင် ပိုပြီး တော့ ဖြစ်ဖို့များပါတယ်။ အတတ် နိုင်ဆုံးကြိုးစားပြီးတော့ ကျန်းမာ ရေးဌာနအနေနဲ့ အရေးတယူလုပ် ပေးသင့်ပါတယ်။ ဒီကိစ္စကို။ အခု  စခန်းတွေ မှာဖြစ်နေတာက ဆေး ရုံ၊ ဆေးခန်းကို သွားပြဖို့လည်း ပိုက်ဆံမရှိကြဘူး။ လမ်းပန်းဆက် သွယ်ရေး အခက်အခဲကလည်း ရှိ နေတော့ပိုဆိုးတာပေါ့။ လော လောဆယ်မှာ အဘွားတစ် ယောက် ဆေးကုဖို့ လက်လမ်းမမီ လို့ ဆုံးရှုံးသွားတာပေါ့’’ ဟု REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြော သည်။

စစ်ရှောင်များအတွက် ကျန်း မာရေးလုပ်သားများ ထားရှိပေး သည်ကို တွေ့ရသော်လည်း လုံ လောက်မှုမရှိဟု ယူဆကြောင်း၊ စစ်ဘေးဒုက္ခကြုံနေရသူ ငါး သောင်းခန့်ရှိနေကြောင်း ရခိုင်အ မျိုးသားပါတီ (ANP) မှ ဦးထွန်း အောင်ကျော်က ပြောသည်။

‘‘ငါးသောင်းလောက် ဖြစ် နေတဲ့ ပြည်သူလူထုအတွက် ကျွန် တော်တို့ နိုင်ငံရေးပါတီအနေနဲ့ ဘယ်လိုနည်းနဲ့မှ လုံလောက်တဲ့ အကူအညီမပေးနိုင်ဘူး။ အဲဒီ တော့သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရကနေ ပြည်သူလူထုရဲ့ မိဘတွေဖြစ်သည့် အားလျော်စွာ အရေးစိုက်ပြီး ကူညီဆောင်ရွက် ပေးသင့်တယ်လို့ ယူဆတယ်’’ ဟု ဦးထွန်းအောင်ကျော်က ပြော သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ၊ စည်ပင် ၀န်ကြီး ဦးဝင်းမြင့်ကမူ စစ်ရှောင် များအား ဆေးကုသမှုပေးခြင်းကို နီးစပ်ရာ ကျန်းမာရေးဌာနများက လုပ်ဆောင်နေကြောင်း ပြော ကြားသည်။

‘‘အဲဒါကို သက်ဆိုင်ရာကျန်း မာရေးဌာနက  ညွှန်ကြားပြီးတော့ လုပ်နေတာပေါ့။ မြေပြင်မှာ လို အပ်ချက်တွေရှိရင်လည်း အ ကြောင်းကြားပေးဖို့ ပြောလိုပါ တယ်’’ ဟု ၀န်ကြီးဦးဝင်းမြင့်က ပြောသည်။ စစ်ရှောင်စခန်းများ၌ ကျန်း မာရေးချို့တဲ့သူ အများအပြားရှိ နေခြင်းသည် မိုးသည်းထန်စွာ ရွာ သွန်းပြီး စိုစွတ်စွာနေရသည့် အ ချိန်များပြားခြင်း၊ အစာအာဟာရ မပြည့်ဝခြင်း၊ အအိပ်အစား မမှန် ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနည်း ပါးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ကောင်းမွန်သည့် ဆေးဝါးကုသမှု မရသလောက် ဖြစ်နေခြင်းတို့ ကြောင့်ဖြစ်သည်ဟု REC က ထုတ်ပြန်ထားသည်။

No comments:

Post a Comment