Thursday, July 11, 2019

Victoria အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်အရေးအသားများ၊ အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများနှင့် ဆက်စပ်မှုများကို ဆက်လက် စိစစ်ဖော်ထုတ် အရေးယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထုတ်ပြန်

Victoria အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်အရေးအသားများ၊ အလှူခံသည်ဟု အကြောင်းပြ၍  Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများနှင့် ဆက်စပ်မှုများကို ဆက်လက် စိစစ်ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ဇူလိုင် ၁၀ ရက် ညပိုင်းတွင်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။



အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် Victoria အမှုနှင့်ပတ်သက်၍ ဆေးစာပြန်ကြားချက်၊ CCTV မှတ်တမ်း၊ ဓါတုဗေဒဆိုင်ရာ စစ်ဆေးတွေ့ရှိချက်၊ မေးမြန်းစစ်ဆေးထားသူများ၏ သက်သေခံ ထွက်ဆိုချက်များ အပါအဝင် အခြားအခြားသော အထောက်အထားများဖြင့် ခရိုင်ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ တရားရုံးသို့ အမှုစွဲတင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် CID အနေဖြင့် CCTV အထောက်အထားကို Software နည်းပညာအရ အပြည့်အဝ အထောက်အထား ရရှိပြီး ယနေ့ BBC Facebook သတင်းမဖော်ပြခင် ကတည်းက တရားရုံး သက်သေခံ တင်ပြီးဖြစ်ကြောင်း၊ နေပြည်တော်ကုတင် (၁၀ဝ၀) ဆေးရုံမှ တရားဝင် လက်မှတ်ရေးထိုး ပြန်ကြားသော သက်သေခံဆေးစာလည်း မပျောက်ပါသဖြင့် တရားရုံးသက်သေခံ တင်ပြီးပါကြောင်း၊ မူကြိုကျောင်း၊ လမ်းပေါ်၊ အိမ် မည်သည့်ဘက်မှ မလိုက်ဘဲ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အချို့က မိမိစိတ်အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်မှု အရေးအသားများ၊ Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများ၏ ပထမအဆင့် အနေဖြင့် သက္ကမိုးညို အကောင့်ပိုင်ရှင်အား ကြိုတင်လျို့ဝှက် စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါ သိရသည်နှင့် ဥပဒေနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှု များကိုလည်း ဆက်လက်စိစစ် ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်းနှင့် Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိလျင်တော့ မပြောလိုပါ။ ရိုးသားမှု မရှိလျင် လက်မခံဘဲ စိစစ်အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments:

Post a Comment