Thursday, July 11, 2019

ဖမ်းဆီးခံ တပ်ဖွဲ့ ဝင်များကို လွှတ်ပေးသဖြင့် ကျေးဇူးတင်ဟု RCSS ပြော

ဖမ်းဆီးခံ၊ အကျဉ်းကျခံနေရသော တပ်ဖွဲ့ဝင်များ၊ ကျေးလက်ပြည်သူ စုစုပေါင်း ၃၀ ခန့်ကို အစိုးရ လွတ်ငြိမ်းခွင့် ပေးလိုက်သဖြင့် ကျေးဇူးတင်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ဗိုလ်ချုပ် ဘောင်ခေးက ယနေ့ နေပြည်တော်တွင် ပြောသည်။ အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် RCSS တို့ကြား ယနေ့ တွေ့ ဆုံပွဲတခုကို နေပြည်တော်ရှိ NRPC ရုံးတွင် ပြုလုပ်ခဲ့ရာ RCSS ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။



ယနေ့ ဆွေးနွေးပွဲသို့ အစိုးရဘက်မှ NRPC ဒုတိယ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့ နေချုပ် ဦးထွန်းထွန်းဦး၊ အတိုင်ပင်ခံရုံး ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ RCSS ဘက်မှ ဗိုလ်ချုပ် ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ယနေ့ဆွေးနွေးပွဲတွင် အမျိုသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တရားဝင် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ ၂၁ ပင်လုံ ညီလာခံ ဆက်လက် ကျင်းပနိုင်ရေး၊ ဒေသဖွံ့ ဖြိုးရေး၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ပြန်လည် ထူထောင်ရေး၊ ကျန်ရှိနေသည့် RCSS တပ်ဖွဲ့ ဝင်များ လွတ်မြောက်ရေးတို့ကို ဆွေးနွေးသွားမည်ဟု သိရသည်။

No comments:

Post a Comment