Thursday, July 11, 2019

ရှစ်လေးလုံး (၃၁)နှစ်ပြည့် အခမ်းအနားတွင် လက်ရှိနိုင်ငံရေးကို ထင်ဟပ်စေမည့် ကြေညာချက် ထုတ်မည်

ရှစ်လေးလုံးအ ရေးတော်ပုံ(၃၁)နှစ်ပြည့်အခမ်းအနားတွင် လက်ရှိနိုင် ငံရေး အ ခြေအနေကို ထင်ဟပ်စေမည့် ကြေညာချက်တစ်ရပ် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံ ရေးအခြေအနေများပေါ်တွင် အ ပြန်ပြန်အလှန်လှန် သုံးသပ်ကာ ဖြစ်သင့်သည့်အချက်များ ပြောနိုင် ရန်ရည်ရွယ်ထားကြောင်း ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။



”ကျွန်တော်တို့အနေနဲ့က တစ် လျှောက်လုံး ၈၈ ရည်မှန်းချက်တွေ ဘယ်လောက်ရောက်ပြီလဲ ဘယ် လောက်အောင်မြင်ပြီလဲ။ ဘာတွေလိုအပ်နေလဲ၊ ဘာတွေဖြစ်နေလဲ ပြောဖို့၊ဆိုဖို့၊ထောက်ပြဖို့၊အပြုသ ဘောဝေဖန်ဖို့၊ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ကို မရောက်ရောက် အောင်သွားဖို့က ကျွန်တော်တို့ တာဝန်ဖြစ်တယ်လို့ ခံယူထားတယ်။ ဒီအပေါ်မှာပဲ ဆွေးနွေးသွားပြီး ထုတ်ပြန်ချက်တစ်ခု ၈၈ မျိုးဆက် တစ်စိတ်တစ်ပိုင်းကိုထင်ဟပ်ဖော် ပြတဲ့သဘောထားတစ်ခုထုတ်နိုင် ဖို့ကြိုးစားသွားမယ်လို့ ရည်မှန်းတာဖြစ်ပါတယ်”ဟု ၎င်းင်းကပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံ (၃၁)နှစ်ပြည့်အခမ်းအနားကို မဟာဗန္ဓုလပန်းခြံ၊ ရန်ကုန်တက္ကသိုလ်(ပင်မ)အပန်းဖြေရိပ်သာ၊ RIT နှင့်တော်ဝင်နှင်းဆီခန်းမတို့အနက် နေရာတစ်ခု၌ ကျင်းပရန်လျာထား ကြောင်း သိရသည်။

ယင်းအခမ်းအနားနှင့်ပတ်သက်၍ အသေးစိတ်လုပ်ဆောင်ချက်၊ နေရာရွေးချယ်ရေး အစရှိသည်တို့ကို ဇူလိုင် ၁၃ ရက်၊ မွန်းလွဲ ၁ နာရီ၌ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်တွင် အစည်းအဝေးပြုလုပ်ကာ ဆွေး နွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၃ဝ)ပြည့်အခမ်းအနားကို သြဂုတ် ၆ ရက်၊၇ ရက်နှင့်၈ ရက်တို့တွင် ရန်ကုန်တက္ကသိုလ်(ပင်မ) အပန်းဖြေရိပ်သာတွင်ပြုလုပ်ခဲ့ပြီး ရှစ်လေးလုံးသမိုင်းဆိုင်ရာပြခန်း များနှင့်ဆွေးနွေးပွဲများ ပါဝင်ခဲ့သည်။

No comments:

Post a Comment