Thursday, July 11, 2019

ပရိသတ်တွေအတွက် တစ်ကိုယ်တော်ခွေကို အရှုံးခံပြီးထုတ်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

တစ်ကိုယ်တော်ခွေကို အမှတ်တရအနေဖြင့် ဝယ်သိမ်း လိုသည့် ပရိသတ်များရှိသော ကြောင့် အရှုံးခံ၍ ထုတ်ခြင်းဖြစ် ကြောင်း ဝိုင်းစုခိုင်သိန်းက ပြော သည်။ ‘‘အခုခေတ်က အများကြီးရှုံး သွားပြီ။ အရင်လိုမဟုတ်ဘူး။ အ ရင်ရဲ့ ငါးပုံပုံတစ်ပုံတောင်ရောင်း ချင်မှ ရောင်းရတဲ့ခေတ်။ ဒါ တောင် ရောင်းအားအကောင်းဆုံး အခွေ။ ဒါပေမဲ့ အရှုံးခံပြီးထုတ် တယ်။ ဝိုင်းစုကို အားပေးတဲ့ ပရိ သတ်တွေအတွက်’’ ဟု ၎င်းက ပြောသည်။ လတ်တလောတွင် တစ် ကိုယ်တော် အခွေသစ်ကိုစီစဉ်နေ ပြီး   နှစ်ကုန်၌   ထွက်နိုင်ရန် ကြိုးစားနေကြောင်း ဝိုင်းစုခိုင် သိန်းက ပြောသည်။


‘‘၁၀ လပိုင်း၊ ၁၁ လပိုင်း လောက် ထွက်နိုင်အောင် ကြိုး စားနေပါတယ်။ စုံတွဲပါ၊မပါ တော့ မပြောတတ်သေးဘူး’’ ဟု လက်ရှိစီစဉ်နေသည့် အခွေနှင့် ပတ်သက်၍ ၎င်းကပြောသည်။

ယင်းအခွေတွင် ချစ်သူ အောင်လရေးစပ်ထားသည့် သီချင်းများအပါအဝင်  အရေအတွက် မသေချာသေးကြောင်း ၎င်းက ဆိုသည်။

‘‘သီချင်းပေါက်ရင်ပြီးရော မလုပ်ချင်ဘူး။ သီချင်းကို ရေရှည် ခံစေချင်တယ်။ တစ်ပုဒ်တည်း ထုတ်တာက ခဏပဲ ခံတယ်။ ဝိုင်းစု ထုတ်ဖူးတယ်။ ပြတ်စာ တစ်ပုဒ်ထုတ်ဖူးတယ်။ ပရိသတ် က ကြိုက်တယ်။ ဒါပေမဲ့ရေရှည် မခံဘူး’’ ဟု သီချင်းတစ်ပုဒ်ချင်း ဖြန့်ချိသည့်အပေါ် ၎င်း၏အမြင် ကိုပြောသည်။

ထို့အပြင် အောင်လ၏ တစ် ကိုယ်တော်ခွေ ထွက်ရှိနိုင်ရန် တွန်းအားပေးနေကြောင်း ၎င်းက ဆိုသည်။ ‘‘သူက Music သမားအရမ်း စစ်လွန်းအားကြီးတော့ Mood မရရင် ဘာမှ မလုပ်တော့ဘူး။ အခု Mood ဝင်တယ်၊ ခဏနေရင် Mood မရှိတော့ဘူး။ ဝိုင်းစုကျ တော့ ဒီနေ့ ဒီရက်မှာထွက်မှရ မယ်လို့ လုပ်တဲ့သူဆိုတော့ အဲဒါ လေးညှိရတယ်’’ ဟု ဝိုင်းစုခိုင် သိန်းက ပြောသည်။

No comments:

Post a Comment