Thursday, July 11, 2019

ဂျူဗင်တပ်နှင့် သဘောတူထားသော်လည်း ဒီလိုက် အေဂျက်ဇ်နှင့် လေ့ကျင့်ခန်းဆင်း

 နောက်တန်းလူ ဒီ လိုက်သည် ဂျူဗင်တပ်နှင့်သဘော တူညီမှု ရရှိထားပြီဟု ၎င်း၏အေး ဂျင့်က ထုတ်ဖော်ပြောကြားထား သော်လည်း မက်သစ်ဒီလိုက်သည် အေဂျက်ဇ်အသင်းနှင့် လေ့ကျင့် ခန်းဆင်းနေသည်။ ပီအက်စ်ဂျီ၊ မန်ယူနှင့်ချိတ် ဆက်ပြောဆိုမှုများ ရှိသော်လည်း ဂျူဗင်တပ်သည် အေဂျက်ဇ်အ သင်းခေါင်းဆောင်ကို ခေါ်ယူရန် ထိပ်ဆုံးမှ ရေပန်းစားနေသည်။



နယ်သာလန်လက်ရွေးစင် သည် ဂျူဗင်တပ်နှင့်ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့သည်ဟု ဒီလိုက်၏ အေးဂျင့်မီနိုရိုင်အိုလာ က ဇူလိုင် ၈ ရက်၌ အတည်ပြု ပြောကြားသည်။ သို့သော် ဂျူဗင်တပ်နှင့်ဆက် လက်ညှိနှိုင်းနေစဉ် ဒီလိုက်သည် အေဂျက်ဇ်အသင်း၏ ရာသီအ ကြိုလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။

ယမန်နှစ်က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ရောက်ရှိခဲ့သော အေဂျက်ဇ်နှင့်အတူ ခြေစွမ်းပြခဲ့ သည့် ဒီလိုက်ကို ကလပ်အသင်း အများအပြားက အလိုရှိနေသည်။ အေဂျက်ဇ်အသင်းဖော်နှင့် နိုင်ငံ အသင်းဖော် ဖရန်ကီဒီဂျောင်က မိမိပြောင်းရွှေ့သော ဘာစီလိုနာ သို့လာရောက်ရန် ဒီလိုက်ကိုတိုက် တွန်းထားသည်။

No comments:

Post a Comment