Thursday, July 11, 2019

မြောက်ကိုရီးယား အလုပ်သမားပါတီ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်

မြောက်ကိုရီးယား အလုပ်သမားပါတီ (WPK) က တာဝန်ရှိသူတွေဟာ ဇူလိုင် ၁၀ ရက်နေ့က မြို့တော် ပြုံယမ်းကနေ တရုတ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနက ပြောပါတယ်။ ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ WPK ပါတီရဲ့ ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်သံရုံး အရာရှိတွေ တွေ့ဆုံနေတဲ့ ရုပ်သံဖိုင်ကို KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံကို ဘာ့ကြောင့်သွားတယ် ဆိုတာကိုတော့ KCNA သတင်းဌာနက အသေးစိတ် မပြောခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ တဦးတည်းသော အဓိက အိမ်နီးချင်း မဟာမိတ်နိုင်ငံပါ။ တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်ခြားမျဉ်းအနားက ပန်မွန်ဂျုံရွာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံပြီး မကြာမီ တရုတ်သမ္မတ ရှီကျင်ဖျင် ပြုံယမ်းကို ရောက်လာခဲ့ပါသေးတယ်။

No comments:

Post a Comment