Thursday, July 11, 2019

အခြေခံဥပဒေလေ့လာ သုံးသပ်ချက် အစီရင်ခံစာကို ယခုတစ်ပတ်အတွင်း အပြီးရေးဆွဲမည်

ပူးပေါင်း ကော်မတီမှ ၂ဝဝ၈ ခြေ/ဥပါ ပြဋ္ဌာန်းချက်များအပေါ် လေ့လာသုံးသပ်ချက်အစီရင်ခံစာကို ယခုတစ်ပတ်အတွင်း အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်းယင်းကော်မတီ အ တွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။ြ ပည်ထောင်စုမြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြခံဥပဒေ (၂ဝဝ၈)ခုနှစ် ပြင်ဆင်ရေးပူး ပေါင်းကော်မတီ အစည်းအဝေးကို ဇူလိုင်၈ရက်တွင် နေပြည်တော်၌ ပြန်လည်စတင် ကျင်းပခဲ့ပြီးအစီ ရင်ခံစာရေးဆွဲရေး လုပ်ငန်းစဉ်ကို ယနေ့စတင် ဆောင်ရွက်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဆက် လက်ပြောသည်။



”ဒီတစ်ပတ်ထဲမှာ ပြီးပြတ် အောင်ဆောင်ရွက်သွားမှာပါ”ဟု ၎င်းင်းကဆိုသည်။ ဖွဲ့စည်းပုံပြင်ဆင် ရေးပူးပေါင်းကော်မတီကို ပြီးခဲ့ သည့် ဖေဖော်ဝါရီ ၁၉ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၇ရက်မတိုင်မီ ပြည်ထောင်စုလွှတ် တော်သို့အစီရင်ခံစာတင်ရမည် ဖြစ်သည်။

ယင်းအတွက်ကြောင့် လာမည့် ဇူလိုင် ၁၇ရက်မတိုင်မီ လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်ပြီး ရက်အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေါက်တာမြတ်Óဏစိုးက ပြောသည်။

အဆိုပါ ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတာဝန်ပေးထားခြင်း ဖြစ် ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြ ဋ္ဌာန်းချက်များကို လေ့လာသုံးသပ် ချက်ရေးသားပြုစုရန်၊ ပူးပေါင်း ကော်မတီတွင် စုပေါင်းဆွေးနွေး သုံးသပ်ပြီးနောက် အများသေ ဘာတူ ညီ သည့် အစီရင်ခံစာကို ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်းရန်စသည်ဖြင့် တာဝန်ပေးထားသည်။

”ဒီအစီရင်ခံစာအပေါ် လွှတ် တော်မှာဆွေးနွေးမယ်။ နောက်ပြီးတဲ့အခါ ရှေ့ဆက်သွားမယ့်လုပ် ငန်းစဉ်ပေါ့။ ကျွန်တော်တို့ ၄၅ဦး ကော်မတီကိုဖွဲ့စည်းလိုက်ကတည်း ကအပိုင်းနှစ်ပိုင်းနဲ့ ဖွဲ့စည်းတာပါ။ ပထမကတော့အကြံပြုချက်တွေ ကိုစုစည်းပြီး အစီရင်ခံစာတင်ဖို့ပါ။ အဲဒါပြီးရင် ဒီအစီရင်ခံစာအပေါ် အခြေပြုပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း တစ်ရပ်ပေါ့လုပ်ငန်းစဉ်ကို ဆက် ပြီးတော့ ဆောင်ရွက်ရမှာပါ” ဟု ¤င်းကပြောသည်။

လက်ရှိ ၄၅ဦးကော်မတီတွင် ပါတီအသီးသီမှ ကိုယ်စားပြုလွှတ် တော်ကိုယ်စားလှယ်များ အချိုးကျပါဝင်ပြီး အားလုံး၏ပူးပေါင်းပါ ဝင်မှုကိုကျေနပ်မှုရှိကြောင်း ဒေါက်တာ မြတ်ဉာဏစိုးကပြောသည်။

”အားလုံး ၄၅ဦးစလုံး စုစု စည်းစည်းညီညီညွတ်ညွတ်ဆောင်ရွက်နေလို့ဒီလောက်ထိ ခရီးပေါက်လာတာပါ”ဟု ၎င်းင်းကပြောသည်။
ဒီချုပ်ပါတီအစိုးရတာဝန် ယူသည့် သုံးနှစ်ကျော်ကာလ၊ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးတွင် ဒီချုပ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ”ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူး ပေါင်းကော်မတီ” ဖွဲ့စည်းရေး အရေးကြီးအဆိုတင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာအနိုင်ရရှိခဲ့သဖြင့် အတည်ပြုကြောင်းလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ယင်းအရေးကြီးအဆိုတင်သွင်းခဲ့စဉ်ကလည်း တပ်မတော်သား ကိုယ်စားလှယ်နှင့်ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တို့က လုပ်ထုံးလုပ်နည်း နှင့်မညီဟု ဆွေးနွေးခဲ့သည်။ ယင်းနောက်ကော်မတီဖွဲ့ စည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ကာ ယနေ့ပြည် ထောင်စုလွှတ်တော်တွင် မဲခွဲအတည်ပြုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment