Thursday, July 11, 2019

ဂျူဗင်တပ်သို့ ဟီဂူအင်ပြန်ရောက်လာစဉ် အသင်းမှမထွက်ရန် ပရိသတ်များက တောင်းဆို

အာဂျင်တီးနားတိုက်စစ် မှူး ဂွန်ဇာလိုဟီဂူအင်သည် ၎င်း ၏ရာသီကြို ဆေးစစ်ဆေးမှုအ တွက် ဂျူဗင်တပ်သို့ရောက်ရှိလာ စဉ် ပရိသတ်များက ကြိုဆိုပြီး ဂျူ ဗင်တပ်မှမထွက်ခွာရန် တောင်း ဆိုခဲ့သည်။ ဟီဂူအင် (၃၁) နှစ်သည် ပြီး ခဲ့သည့် ရာသီကအေစီမီလန်သို့ အငှားချထားခြင်းခံရပြီးနောက် ချယ်လ်ဆီးသို့ နည်းပြဆာရီက အ ငှားခေါ်ယူခဲ့သည်။ ဝါရင့်တိုက်စစ်မှူး ဟီဂူအင် သည် နာပိုလီတွင် ရှိနေစဉ်က တည်းက နည်းပြဆာရီနှင့်ခိုင်မာ သော ဆက်ဆံရေးရှိခဲ့ပြီး အင်္ဂါနေ့ က ကြေညာသည့် ဂျူဗင်တပ်၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ် စာရင်း၌ ပါဝင်သည်။


သို့သော် နည်းပြဆာရီက ချယ်လ်ဆီးမှ ဂျူဗင်တပ်သို့ ပြောင်းလာပြီးနောက် ရော်နယ်ဒို ကို အထောင်တိုက်စစ်မှူးနေရာ ထားကစားမည်ဟု အရိပ်အမြွက် ပြောကြားထားရာ ပုံမှန်ပွဲထွက် ခွင့်ရဖွယ်မရှိသောကြောင့် ဟီဂူ အင်အနေဖြင့် ယခုနွေရာသီအ တွင်း ဂျူဗင်တပ်မှထွက်ခွာရန် စဉ်းစားနိုင်သည်။

ဟီဂူအင်ကို ခေါ်ယူရန် ဂျူ ဗင်တပ်၏ စီးရီးအေပြိုင်ဘက် ရိုး မားက စိတ်ဝင်စားနေသော်လည်း ၎င်း၏ညီ အေးဂျင့်က ဟီဂူအင်၏ အသင်းပြောင်းရွှေ့မှုသည် စီးရီး အေမဟုတ်သော အသင်းတစ် သင်းသို့သာဖြစ်နိုင်သည်ဟု ပြော ကြားသည်။

ဟီဂူအင် ဂျူဗင်တပ်သို့ ရောက်ရှိလာစဉ် ပရိသတ်များစွာ က စောင့်ကြိုခဲ့ပြီး ‘‘ငါတို့နဲ့အတူ ဆက်နေပါဂွန်ဇာလို’’ ဟု အော် ဟစ်ခဲ့သည်။

No comments:

Post a Comment