Thursday, July 11, 2019

မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေ မြင့်တက်မှု အနည်းငယ် ကျဆင်းလာ

မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ယနေ့ ဇူလိုင် ၁ရက် နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ၁၁၃၇ စင်တီမီတာ ရှိပြီ အနည်းငယ် စတင်ကျဆင်းလာကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ ည ၁၂နာရီအချိန်ကရေအမှတ် ၁၁၅၁ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ရာ ယနေ့ နေ့လယ် ၁၂ နာရီ ခွဲ တိုင်းတာချက်အရ ၁၁၃၇ အထိ ကျဆင်းခဲ့ကြောင်း ကချင်ပြည်နယ် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးမှသိရသည်။



တိုင်းတာချက်အရ ယနေ့ နံနက် ၆ နာရီခွဲက ၁၁၄၉ စင်တီမီတာ ၊ ၇နာရီခွဲ အချိန်က ၁၁၄၅ စင်တီမီတာ ၊ ၈ ခွဲအချိန်က ၁၁၄၄ စင်တီမီတာ ၊ နေ့လယ် ၁၁နာရီ ခွဲတွင် ၁၁၄၀ စင်တီမီတာ စသဖြင့် ကျဆင်းခဲ့ပြီး နေ့လယ် ၁၂ နာရီခွဲတွင် ၁၁၃၇ စင်တီမီတာအထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ မြင့်တက်မှုသည် ဇူလိုင် ၁၀ရက် နံနက် ၆ နာရီခွဲက ၁၀၀၁ စင်တီမီတာ ရှိရာမှ ည ၁၂ နာရီအတွင်း ၁၁၅၁ စင်တီမီတာ အထိ ရှိခဲ့ပြီး ၁၅၀ စင်တီမီတာ ခန့်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ မြစ်ရေ မြင့်တက်နေမှု အခြေအနေကို တစ်နာရီ တစ်ကြိမ်ခန့် တိုင်းတာမှုများ ပြုလုပ်နေပြီ မြစ်ကမ်းဘေး နဲ့ မြေနိမ့်ပိုင်းတွင်နေထိုင်သူများ သတိပြုကြရန်လည်း သတိပေးချက် ထုတ်ပြန်ထားသည်။ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အား ၁၂၀၀ စင်တီမီတာအဖြစ် သတ်မှတ်ထားသည်။

No comments:

Post a Comment