Thursday, July 11, 2019

ဂျိုလိုကျွန်း ဗုံးခွဲမှုဟာ ဖိလစ်ပိုင်လူမျိုး ပထမဆုံး ပါဝင်တဲ့ အသေခံတိုက်ခိုက်မှုလို့ စစ်တပ် ပြော

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ ပထမဆုံး ဖိလစ်ပိုင်လူမျိုး အသေခံ ဗုံးခွဲသမားတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောဆိုပြီး၊ ရှေ့မှာ အစ္စလာမ်မစ် အစွန်းရောက်တွေက အခုလို လုပ်ရပ်မျိုးတွေ ဖော်ဆောင်လာဖွယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့က နိုင်ငံတောင်ပိုင်း ဂျိုလိုကျွန်းပေါ်က စစ်တပ်စခန်းတစ်ခုအနီးမှာ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးက အသေခံဗုံးခွဲခဲ့ကြလို့ စစ်သား ၃ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။



အဲဒီထဲက တစ်ဦးက နော်မန် လာဆူကာ ဆိုသူ ဖိလစ်ပိုင်နိုင်ငံသားဖြစ်ပြီး၊ နောက်တစ်ဦးကိုတော့ မည်သုမည်ဝါဆိုတာ စုံစမ်းဆဲဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာ အရှေ့တောင်အာရှမှာ IS အဖွဲ့ရဲ့ သြဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို ပြသလိုက်တာဖြစ်ကြောင်း အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့က ကြေညာခဲ့ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းမှာ အစ္စလာမ်မစ် သူပုန်တွေ ထကြွလာခဲ့တဲ့ ဆယ်နှစ်အတွင်း ဒေသခံတွေထောင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။

No comments:

Post a Comment