Thursday, July 11, 2019

မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဆင်သေ-လဟယ်ကားလမ်း မြေသားပြိုကျကာ လမ်းပိတ်ဆို့

မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဆင်သေမြို့နှင့် လဟယ်မြို့သို့ ဖောက်လုပ်ထား သည့် ကားလမ်းနေရာအချို့၌ ဇူလိုင် ၉ ရက်တွင် မြေသားပြိုကျ၍ လမ်းပိတ်ဆို့နေကြောင်း ခန္တီးမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။ ‘‘မနက်က မိုးတွေအရမ်းရွာ ပြီး ဆင်သေ-လဟယ်ကားလမ်း က မြေသားပြိုကျပြီး လမ်းပိတ်သွားတာပါ။ လမ်းဘေးက သစ်ပင်တစ်ပင်လဲပြီး ကားတစ်စီးပေါ် ပိလို့ ပျက်စီးတာတော့ ရှိတယ်။ လူထိခိုက်ဒဏ်ရာရတာ မရှိဘူး။ လောလောဆယ် ဆိုင်ကယ်တွေကတော့ တွန်းသင့်တဲ့နေရာ တွန်းပြီး သွားလို့ရတယ်။ ကားတွေက တော့ သွားလို့ မရသေးဘူး’’ ဟု ၎င်းက ပြောသည်။



ဇွန်လ ၃၀ ရက်ကစ၍ မိုးအ ဆက်မပြတ် ရွာသွန်းသောကြောင့် အဆိုပါကားလမ်းဘေး တောင်နံရံမြေသားများ ပြိုကျပြီး သစ်ပင်များလဲကာ ခန္တီးမြို့တွင် ချင်းတွင်း မြစ်ရေသည် နှစ်နာရီလျှင် တစ်ပေခန့် မြင့်တက်နေကြောင်း ဦးမောင် တေးက ပြောသည်။

‘‘မိုးကတော့ ဒီရက်ပိုင်း အရမ်းရွာနေတယ်။ နှစ်တိုင်း မိုးအရမ်းရွာတဲ့ အချိန်ဆိုရင် ဆင်သေ- လဟယ်ကားလမ်းက လမ်းပိတ် တတ်တယ်။ လမ်းပိတ်ပြီဆိုတာနဲ့ ချက်ချင်း ပြင်လိုက်၊ ကားတွေ သွားလိုက်ပေါ့။ ဒီနှစ်တော့ မိုးကောင်း နေတဲ့အတွက် ချက်ချင်း လမ်းမပြင်နိုင်သေးတာ ဖြစ်မယ်’’ ဟု လဟယ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကယ် က ပြောသည်။  ဆင်သေ-လဟယ် ကားလမ်းသည် လမ်းအရှည် ၅၆ မိုင် ရှိပြီး တောင်တက်၊ တောင်ဆင်း ရာသီမရွေး သွားလာနိုင်ကာ ခန္တီး မြို့နှင့် လဟယ်မြို့သို့ ချိတ်ဆက်သွားလာနိုင်သော အဓိကလမ်းမ ကြီး ဖြစ်သည်။

No comments:

Post a Comment