Thursday, July 11, 2019

ယင်းမာပင်နှင့် မော်လိုက်တွင် အင်အား အနည်းငယ်ရှိ ငလျင်နှစ်ကြိမ်လှုပ်

ယင်းမာပင်နှင့် မော် လိုက်မြို့တွင် အင်အားအနည်း ငယ်ရှိသော ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှု မရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးမှူး ဦးစ၀ီလီဖရန့် က ပြောသည်။ မော်လိုက်မြို့တွင် ရစ်ခ်ျတာ စကေး ၄ ဒသမ ၄ အဆင့်နှင့် ယင်းမာပင်မြို့၌ ၄ ဒသမ ၃ အဆင့် ငလျင် ဇူလိုင် ၉ ရက် နံနက်တွင် လှုပ်ခတ်ခဲ့သည်။ ‘‘လှုပ်တာကိုတော့ ခံစားရ တယ်။ ဒါပေမဲ့ ထိခိုက်မှု မရှိဘူး။ မိုးကရွာနေတော့ မြေပြိုမှုဘေးကို စိုးရိမ်တာတွေ ရှိပေမယ့် ထူးခြား မှု မရှိပါဘူး’’ဟု ဦးစ၀ီလီဖရန့်က ပြောသည်။



ထို့အပြင် မြန်မာ့ပင်လယ် ပြင်ပိုင်နက် ကိုကိုးကျွန်းအနီး တွင် အင်အားရစ်ခ်ျတာစကေး ၄ ဒသမ ၆ အဆင့် ငလျင်တစ်ခု ဇူလိုင် ၇ ရက်က လှုပ်ခတ်ခဲ့သည်။ ၂၀၁၉ ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၉ ရက်အထိ မြန်မာနိုင်ငံအတွင်း ဗဟိုပြု၍ အင်အားအ နည်းငယ်အနည်းငယ်နှင့် အသင့် အတင့်ရှိသော ငလျင်အကြိမ် ၉၀  လှုပ်ခတ်ပြီး စစ်ကိုင်းတိုင်းဒေသ ကြီး အထက်ပိုင်း၌ အများဆုံး လှုပ်ခတ်ခဲ့သည်။

No comments:

Post a Comment