Thursday, July 11, 2019

ယူနန်အစိုးရ ခွင့်ပြုမိန့်ဖြင့် မူဆယ်မှ တင်ပို့သော လယ်ယာထွက်ကုန်အချို့ ဈေးနှိမ်ခံရ

နယ်စပ်မှ လယ်ယာ ထွက်ကုန်အချို့ကို ယူနန်အစိုးရ  က သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေး သော်လည်း တရုန်ကုန်သည်များ ၏ ဈေးနှိမ်ဝယ်ယူခြင်းခံရကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။ ဘိန်းအစားထိုး သီးနှံခွင့်ပြု မိန့်ဖြင့် ပြောင်းဖူးစေ့တင်သွင်းခွင့်၊ ယူနန်အစိုးရခွင့်ပြုမိန့်ဖြင့် ဆန် တင်သွင်းခွင့် ရရှိထားသော တရုတ်ကုန်သည်များ၏ ဈေးနှိမ် ဝယ်ယူခြင်း ကြုံတွေ့နေရသည်ဟု ၎င်းတို့က ဆိုသည်။



ရုံးဖွင့်ရက်များတွင်တစ်ရက် လျှင် ဆန်အိတ်ရေ နှစ်သောင်းခန့် ကို ခွင့်ပြုမိန့်ဖြင့် တရုတ်ကုန်သည် များက ဝယ်ယူနေသော်လည်း ဆန်တစ်အိတ်လျှင် ပျမ်းမျှ ယွမ် ၂၀ ခန့်လျော့၍ရရှိကြောင်း မူ ဆယ်ဆန်ကုန်စည်ဒိုင် အသင်းဝင် တစ်ဦးက ပြောသည်။

‘‘ခွင့်ပြုမိန့်ကို မြန်မာကုန် သည်က ဈေးကြီးပေးဝယ်ပြီးမှ ဆန်ပြန်ရောင်းရတာလေ’’ ဟု ၎င်းက ရှင်းပြသည်။ ယူနန်အစိုးရ ၏ ဆန်တင်သွင်းခွင့်ရထားသူထံမှ မြန်မာကုန်သည်ကတစ်ဆင့် ပြန် ဝယ်၍ ဆန်ဝယ်လိုသည့် တရုတ် ကုန်သည်များထံ ရောင်းချရသည် ဟု ဆိုသည်။

ထို့ကြောင့် မူဆယ်နယ်စပ် တွင် ယခင်ကဆန်တစ်အိတ်လျှင် ယွမ် ၁၂၀ ခန့်ဈေးရသည့် ဆန်အ မျိုးအစားက လက်ရှိတွင် တစ် အိတ်လျှင် ယွမ် ၁၀၀ ခန့်သာရရှိ သည်။

ထို့အပြင် ဘိန်းအစားထိုးသီး နှံအဖြစ် ပြောင်းဖူးစေ့တင်သွင်း ခွင့်လည်း ကီလို ၅၀ တစ်အိတ် လျှင် ယခင်က ၇၅ ယွမ်ဈေးရရှိ သော်လည်း လက်ရှိတွင် ၆၈ ယွမ် သာရရှိကြောင်းမူ ဆယ်ကုန်သည် အချို့က ပြောသည်။

 တရုတ်နိုင်ငံက ၂၀၁၈ အောက်တိုဘာတွင်စတင်ပြီး မူ ဆယ်နယ်စပ်မှ တရားမဝင်ဆန်၊ ပြောင်းဖူးစေ့နှင့် သကြားတင် သွင်းသည့် တရုတ်ကုန်များကိုဖမ်းဆီးခြင်း၊ နယ်စပ်၌ လုံခြုံရေးတင်းကျပ်ခြင်းတို့ ပြုလုပ်လာသည်။

ယူနန်အစိုးရက တရားမဝင် ကုန်သွယ်ရေးကို တားဆီးပြီး တရားဝင်ကုန်သွယ်ရေးကို ဖော် ဆောင်လိုသည်ဟု တာဝန်ရှိသူအ ချို့ကပြောသည်။

ထိုသို့တရားဝင် ကုန်သွယ်ရေးအကောင်အထည်ဖော်ရာ တွင် တရုတ်ကုန်သည်များ၏ဈေးနှိမ်မှုကို မြန်မာကုန်သည်များ ကြုံတွေ့ရသည်။  တရုတ်နိုင်ငံ ရွှေချိုက် ကုမ္ပဏီက ဆန်တန်ချိန်တစ် သောင်းကျော် ဝယ်ယူရာတွင် ယူ နန်အစိုးရကို အခွန် ၆၀ ရာခိုင်နှုန်း ပေးဆောင်ရသည့် အကြောင်းပြ ချက်ဖြင့် ဆန်တစ်အိတ်လျှင် ၁၀၁ ယွမ်ဈေးသတ်မှတ်ပြီး အိတ် ခွံနှင့် အလုပ်သမားခနှစ်ယွမ် ထပ်မံနုတ်ယူသဖြင့် မြန်မာကုန်သည်များက ဆန်တစ်အိတ်လျှင် ၉၉ ယွမ် (ကျပ် ၂၀,၀၀၀ ခန့်) သာ ရရှိသည်ဟု ဘုရင့်နောင်ဆန် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးကပြောသည်။

No comments:

Post a Comment