Thursday, July 11, 2019

အင်းစိန်ထောင် အနီးတွင် စုပေါင်း ရာဇဝတ်တရားရုံး စီမံကိန်း စတင်ဖော်ဆောင်နေပြီဟု ဝန်ကြီးချုပ် ဆို

အင်းစိန် ထောင်အနီးတွင် စုပေါင်းရာဇဝတ် တရားရုံးစီမံကိန်းကိုစတင်အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင် ၈ ရက်က ပြုလုပ်သည့် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ရှင်းလင်းပွဲ၌ ၎င်းင်းက ပြေကြားခဲ့ခြင်းဖြစ်သည်။ ”တရားစီရင်ရေးမဏ္ဍိုင် ပိုမိုအားကောင်းလာပြီး တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ဆောင်ရွက်နိုင် ဖို့ စုပေါင်းရာဇဝတ်တရားရုံးတစ်ခု ကို အင်းစိန်အကျဉ်းထောင်ရဲ့လမ်းမဘေးတစ်ဖက်ခြမ်းမှာတည် ဆောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၆ ဘီလီယံ လျာထားပြီး စတင်အကောင်ထည်ဖော်နေပြီဖြစ် ပါတယ်။
ဒီစီမံကိန်းကြီး ထမြောက် အောင်မြင်လာခဲ့မယ်ဆိုရင် တရားမအမှုတွေကတော့ မူလတရားရုံးမှာ စစ်ဆေးနေမှာဖြစ်ပြီးတော့ ရာဇဝတ်မှုတွေကို စုပေါင်းရာဇဝတ် တရားရုံးမှာသာ လုပ်နိုင်မယ်ဆို ရင် ရုံးထုတ်တဲ့အချိန် သက်သေ ထွက်ရတဲ့အချိန် တရားစွဲဆိုတင်ရတဲ့ ရဲတပ်ဖွဲ့တွေရော တစ်နေရာ တည်း တစ်ကြိမ်တည်း ဆောင်ရွက် နိုင်မယ့်အခြေအနေရှိပါတယ်”ဟု ၎င်းင်းက ဆိုသည်။

ရန်ကုန်အင်းစိန်ထောင်တွင် အချုပ်သား ၇ဝဝဝ ရှိနေကာ ယင်းအခြေနေအရ တစ်နှစ်အတွင်းအမှု များကို စီရင်ချက်ချမှတ်နိုင်ရန် အတွက် အရေးကြီးသည့်စီမံခန့်ခွဲ မှုတစ်ရပ်လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်း မှုခင်းများမြန်မြန်ဆန်ဆန် စိစစ်ဆောင်ရွက်ပြီးပြတ်နိုင်ရန် ပူး ပေါင်းဆောင်ရွက်မှု စတင်ခြင်းဖြစ် ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

”သက်သေလိုအပ်တဲ့အချိန်မှာ ထွက်ဆိုချက်ပေးနိုင်ဖို့အတွက်လည်း အရေးကြီးတယ်။ ရန်ကုန်မှာ တရားရုံး ၄၅ ရုံးရှိတယ်။ ခရိုင် ရုံး၊ တိုင်းတရားရုံးပေါင်းစပ်မယ်ဆိုရင် ၅ဝ လောက်ရှိတယ်။ စည် ပင်သာယာတရားရုံးတွေပါ ထည့်သွင်းမယ်ဆိုရင် ဒီထက်မက ရှိပါတယ်။ တိုင်းထဲမှာရှိတဲ့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်တဲ့ အခြေအနေကို အမြန်ဆုံး သက်ဆိုင်ရာတရားစီရင်ရေးအတွက် ပူး ပေါင်းပါဝင်ရမယ့်သူတွေအားလုံး နဲ့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးဌာနကို အားလုံးပေါင်း စပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လိုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ရာဇဝတ်တရားရုံးတစ်ခုတည်ထောင်နိုင်မည်ဆိုပါကအချုပ်သားများကို ဝေးကွာလှသောတရားရုံးများသို့ ပို့ဆောင်နေရသည့်အခြေ အနေအား ထိန်းသိမ်းနိုင်မည်ဖြစ်ကာ ကြန့်ကြာမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။

”ကျွန်တော်တို့ ၄၄ မြို့နယ် မှာရှိတဲ့ တရားစီရင်ရေးအတွက် နေ့စဉ်နဲ့အမျှ အချုပ်သားထုတ်နေ ရတယ်။ အဲ့ဒါ အင်းစိန်ထောင်ထဲ မှာ ၇ဝဝဝ ရှိတယ်။ ဒီအရေအတွက် က ရမန်ကြီး ၁၄ ရက်၊ ရမန်လေး ခုနစ်ရက်အတွင်းမှာ ဒီအချုပ်သား တွေဟာ ရုံးထုတ်နေရတာဖြစ် တယ်။ ခုနစ်ရက်ထုတ်ရတာရှိ မယ်။ ၁၄ ရက်ထုတ်ရတာရှိမယ်။ ဒီလူတွေကို တရားရုံးကို ရုံးမထုတ် ဘဲနဲ့ မှုခင်းတွေကို တစ်နှစ်အတွင်း မှာ ပြီးပြတ်အောင်စစ်ဆေးနိုင်ဖို့ဆိုတာ အလွန်ခက်ခဲသွားမှာဖြစ် ပါတယ်”ဟု ¤င်းဆိုသည်။

မိုးရာသီနှင့် ဆောင်းရာသီများတွင် တရားရုံးသို့ အချုပ်သားများ ပို့ဆောင်ရခြင်းအတွက် အခက်အခဲ များရှိကြောင်း သိရသည်။
”အကျဉ်းထောင်ထဲမှာရှိနေတဲ့ အချုပ်သား ၇ဝဝဝ ကို အမြန် ဆုံး စီရင်ချက်ချပေးနိုင်ဖို့လိုအပ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန်ပြီးတော့ တရားဥပဒေစိုးမိုးရေးကို အုပ်ချုပ်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တွေက နေ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းကူညီဖို့လိုအပ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်တစ်ခုတည်းကနေတရားဥပဒေစိုးမိုရေးကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး”ဟု ဝန်ကြီး ချုပ်က ပြောသည်။

No comments:

Post a Comment