Thursday, July 11, 2019

ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်၍ သိမ်းဆည်းပြီး ကျူးလွန်သူကို အရေးယူခြင်းမရှိ

ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်၍ သိမ်းဆည်းထားကြောင်း ဇူလိုင်(၁၁)ရက်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စေတီတော်လုံခြုံရေးတာဝန်ကျ ဦးတင်အောင်မိုးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေတိဂုံစေတီတော် အရှေ့ဘက် ဓါတ်လှေကားထိပ်၌ DJL Mavic Air အမျိုးအစား Drone ယာဉ် ၁ စင်း လွှတ်တင်နေသော တရုတ်နိုင်ငံသား Wu Ru(၃၀)နှစ်အား တွေ့ရှိခဲ့သည်။ ထို့အတူ Drone ယာဉ် ၁ စင်း၊ မန်မိုရီစတစ် 64 GB ၁ ခု၊ Battery ၂ ခု၊ ရီမု ၁ ခု တို့အား သိမ်းဆည်းခဲ့ပြီး ၎င်းအား ခေါ်ယူမေးမြန်းခဲ့ရာ စေတီတော်သို့ ဘုရားလာဖူးစဉ် Drone ယာဉ်ဖြင့် အပျော်တမ်းမှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းဖြစ်ကြောင်း သိရှိရ၍ အလားတူ နောက်နောင် ထပ်မံမပြုလုပ်ရန် ရှင်းလင်းပြောကြားပြီးနောက် ပြန်လည်စေလွှတ်ခဲ့သည်။

No comments:

Post a Comment