Thursday, July 11, 2019

စစ်အစိုးရလက်ထက် တစ်ဖက်သတ်ထိန်းသိမ်းသည့် လုပ်ပိုင်ခွင့်ကို ထိုင်းအစိုးရသစ်က ဆက်လက်ထိန်းသိမ်း

ထိုင်းအရပ်ဘက်အစိုးရသစ်သည် စစ်အစိုးရခေတ်က လုံခြုံရေးဆိုင်ရာထိန်းချုပ်မှုအချို့အား ပြန်လည်ဖြေလျှော့ပေးခဲ့သော်လည်း ဝေဖန်သူများအား တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းနိုင်သည့် အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ရာ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြံ့ကြံ့ခံလာခဲ့သော လူ့အခွင့်အရေးအဖွဲ့များက သတိပေးခဲ့ကြသည်။ လက်ရှိဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာက ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လူ ၂၀ဝ၀ နီးပါးသည် စစ်ဘက်တရားရုံးများ၌ ရုံးတင်စစ်ဆေးခံခဲ့ရသည်။



ပြီးခဲ့သော ရွေးကောက်ပွဲများမတိုင်မီ စစ်အစိုးရက နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများအား ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးခဲ့ပြီး စစ်အစိုးရလက်ထက် အတည်ပြုခဲ့သော အမိန့်ဒါဇင်များစွာအား ဇူလိုင် ၉ ရက်တွင် စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်သည့် ပရာယွတ်က ပယ်ဖျက်ခဲ့ကာ စစ်ဘက်တရားရုံးများတွင် စစ်ဆေးနေသည့် အမှုများကို အရပ်ဘက်တရားရုံးများထံ လွှဲပေးခဲ့သည်။


သို့သော် အစိုးရသစ်က လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် သံသယရှိသူများအား စစ်ဘက်က ခုနစ်ရက်ကြာ ထိန်းသိမ်းနိုင်သည့် အခွင့်အာဏာအပါအဝင် အမိန့် ၁၀ဝ ကျော်ကို ပြန်လည်ထိန်းသိမ်းခဲ့သည်။

ထိုအမိန့်များသည် အရေးပေါ်ကာလအတွင်း အသုံးပြုခဲ့သော စစ်အုပ်ချုပ်ရေးအမိန့်ဖြစ်ကြောင်း၊ သို့သော် ယခုအခါ ရွေးကောက်ပွဲများ ကျင်းပပြီးစီးပြီးအစိုးရသစ်တစ်ရပ်လည်း ထွက်ပေါ်လာချိန်တွင် ထိုအမိန့်များအား မည်သည့်အတွက်ကြောင့် ဆက်လက် ထိန်းသိမ်းရသနည်းဟု ဥပဒေဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ iLaw မှ အာနွန်ချာလာဝမ်က ပြောကြားခဲ့သည်။

ပြဿနာများအား ဖြေရှင်းရန် နည်းလမ်းတစ်ခုအဖြစ် စစ်အစိုးရလက်ထက် အမိန့်များအား ကိုးကားခဲ့သည့် ゞင်း၏ ယခင်ကလုပ်ရပ်ကို ပရာယွတ်က ဇူလိုင် ၉ ရက်တွင် ကာကွယ်ပြောကြားခဲ့သည်။

သို့သော် ကန့်သတ်မှုများအား ဆက်လက်ထိန်းသိမ်းမှုသည် ထိုင်းပြည်သူများအတွက် ဒီမိုကရေစီ အပြည့်အဝရရှိရန် ဝေးကွာနေမှုကို ပြသလိုက်သည်ဟု နိုင်ငံရေးသုတေသီ Titipol Phakdeewanich က ပြောကြားခဲ့သည်။ ပြည်သူများသည် လက်ရှိအစိုးရသစ်အား ဝေဖန်မှုပိုမိုပြုလုပ်လာမည်ကိုလည်း ゞင်းတို့က သိမည်ဟုထင်ကြောင်း ゞင်းက ပြောကြားခဲ့သည်။

ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများအား မဆင်မခြင်တိုက်ခိုက်မှုများကို မဖြေရှင်းနိုင်သေးချိန်တွင် အစိုးရသစ်က ဇူလိုင် ၉ ရက်တွင် ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစိုးရဆန့်ကျင်ဆန္ဒပြမှုများအတွက် ထင်ရှားသော တက်ကြွလှုပ်ရှားသူ Sirawith Seritiwat သည် ပြီးခဲ့သော ဇွန်နှောင်းပိုင်းတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားများက တုတ်ဖြင့် ရိုက်နှက်ခြင်းခံခဲ့ရပြီး ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်သည်။ ゞင်းအား တိုက်ခိုက်မှုနောက်ကွယ်တွင် အာဏာပိုင်များပါဝင်နေသည်ဟု Facebook တွင် စွပ်စွဲရေးသားခဲ့သည်ဟု သံသယရှိမှုအတွက် လူရှစ်ဦးအား ရဲတပ်ဖွဲ့က ဇူလိုင် ၁၀ ရက်တွင် စွဲချက်များ တင်ခဲ့ပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။

ထိုင်းတွင် ပြီးခဲ့သောမတ်၌ ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ပရာယွတ်သည် စစ်တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်နှင့်အတူ ပါတီ ၂၀ နီးပါးနှင့် ညွန့်ပေါင်းဖွဲ့ခဲ့ပြီး အောက်လွှတ်တော်တွင် ကွာဟချက် ကျဉ်းမြောင်းစွာဖြင့် အမတ်နေရာအများစုကို ရရှိခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment