Thursday, July 11, 2019

မလေးရှားတွင် ဒုက္ခသည်အတု ဖန်တီး၍ ဘင်္ဂါလီများကို လူမှောင်ခိုသွင်းနေ

ကုလသမဂ္ဂ၏ ဒုက္ခသည်အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော UNHCR ၏ ကတ်ပြားအတုများဖြင့် ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များအား မလေးရှားနိုင်ငံအတွင်းသို့ လူမှောင်ခိုသွင်းလျက်ရှိသည်ကို နိုင်ငံတစ်ဝှမ်း ၃ နေရာ၌ ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းစဉ် ဖော်ထုတ် နိုင်ခဲ့သည်ဟု မလေးရှားအခြေစိုက် Star Online က ယမန်နေ့ ရေးသားသည်။ြေ မာက် ဆာဘာရမ်းပီရိုင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ဘင်္ဂါလီ ၅ ဦးတို့အနက် ၂ ဦးမှာ လူကုန်ကူးသူများဟု သံသယရှိပြီး၊ လူကုန်ကူးခံရသူ ဘင်္ဂါလီ ၂ ဦး၊ UNHCR ကတ်ပြားအတုများနှင့် ကတ်ပြားဖြန့်ဝေသူ ဒုက္ခသည် အကူအညီပေးရေး အေးဂျင့်အတု တစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မလေးရှား ပီနန်ရဲတပ်ဖွဲ့၏ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။



ဖမ်းဆီးရမိသော လူကုန်ကူးခံရသူ ၂ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ စစ်ဆေးလျက်ရှိပြီး၊ လူကုန်ကူးသူနှင့် အေးဂျင့်အတုတို့ကို လျှိ့ဝှက်ချက်အက်ဥပဒေ ( အထူး ) ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ လူတစ်ဦးချင်းအား ထုတ်ပေးသည့် UNHCR ၏ မှတ်ပုံတင်ကက်ပြား သို့မဟုတ် အလားတူ စာရွက်စာတမ်းမှာ နိုင်ငံတကာအကာအကွယ်ပေးမှုကဲ့သို့ ကိစ္စမျိုးတွင် အသုံးဝင်သည်။ ခိုလှုံခွင့် တောင်းခံသူများအတွက် ဒုက္ခသည်ကတ်ပြားကိုင်ဆောင်သူသည် မလေးရှားနိုင်ငံအတွင်း၌ အဖမ်းခံရမည့် အရေးကို အတိုင်းအတာတစ်ရပ်ထိ လျှော့ချပေးနိုင်ခြင်း၊ အကန့်အသတ်ဖြင့် ကျန်းမာရေးဆိုင်ရာ အကူအညီ၊ ပညာသင်ကြားခွင့်နှင့် အခြားလိုအပ်သော ၀န်ဆောင်မှုတို့ကို ရရှိနိုင်သည်။

UNHCR ၏ စာရင်းဇယားများအရ မလေးရှားတွင် မှတ်ပုံတင်ဒုက္ခသည်ဦးရေ ၁၅၀,၂၀၄ ဦးရှိရာ ၁၃၃,၇၂၅ ဦးမှာ ဘင်္ဂါလီများဖြစ်သည်။ ကျန် ၁၆,၄၇၉ ဦးမှာ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဆိုမာလီ၊ ဆီးရီးယား၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်းနှင့် အီရန်တို့၌ ပြန့်နှံ့လျှက်ရှိနေကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

No comments:

Post a Comment