Thursday, July 11, 2019

ချောင်းရေကြီး မှုကြောင့်ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်၊ အင်တဲကျေးရွာရှိ ချောင်းဖြူချောင်း တာပေါင်အား ပြန်လည် ပြုပြင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ဇူလိုင် ၉ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အင်တဲ ကျေးရွာ အနီးရှိ ချောင်းဖြူချောင်း ရေမြင့်တက် လာပြီး ကျေးရွာတာပေါင်အား ပေ ၂၀ ခန့်ရေကျော် မြင့်တက်ကာ ကျေးရွာ အတွင်းသို့ ရေများ ၀င်ရောက်လာခဲ့သည်။ အဆိုပါ ချောင်းရေ၀င်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တောင်ငူ တပ်နယ်မှ တပ်မတော်သား များကသွားရောက်၍ ရွာသူ၊ ရွာသားများနှင့်အတူ ချောင်းဖြူချောင်း တာပေါင် ရေကျော်သည့် နေရာများအား သဲအိတ်များဖို့ခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment