Thursday, July 11, 2019

H1N1 ကြောင့် သုံးဦးထပ်မံသေဆုံး

ရာသီတုပ်ကွေး (H1N1) ကြောင့် သုံးဦးထပ်မံသေ ဆုံးပြီး တစ်နိုင်ငံလုံးတွင် သေဆုံး သူ ၃၇ ဦး ရှိလာကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။ ဇူလိုင် ၉ ရက်က သေဆုံးသူ ဦးရေ ၃၄ ဦးရှိရာမှ ဇူလိုင် ၁၀ ရက်တွင် သုံးဦးထပ်မံသေဆုံး ခြင်းဖြစ်သည်။ ထပ်မံသေဆုံး သည့် သုံးဦးမှာ ရန်ကုန်တိုင်းမှနှစ် ဦးနှင့် ပဲခူးတိုင်းမှတစ်ဦးဖြစ်သည်။



ယမန်နေ့ (ဇူလိုင် ၁၀ရက်) အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာသီတုပ်ကွေးရောဂါသံသ ယလူနာ ၅၃၇ ဦးကိုဓာတ်ခွဲစစ် ဆေးရာ ပိုးတွေ့ရှိသူ ၁၉၅ ဦးရှိပြီး ၃၇ ဦးသေဆုံးခဲ့သည်။ သေဆုံးသူ ၃၇ ဦးသည် ရန်ကုန်တိုင်းမှ ၂၉ ဦး၊ ဧရာဝတီတိုင်းမှ သုံးဦး၊ ပဲခူး တိုင်းမှနှစ်ဦး၊ စစ်ကိုင်းတိုင်းမှနှစ် ဦး၊ မွန်ပြည်နယ်မှတစ်ဦးဖြစ် သည်။ ချင်းပြည်နယ်၊ ရှမ်းအရှေ့ ပိုင်းတို့မှလွဲ၍ ကျန်တိုင်းနှင့်ပြည် နယ်များတွင် ယင်းရောဂါပိုးတွေ့ ရှိရပြီး ပိုးတွေ့ရှိမှုနှင့်သေဆုံးမှုအ များဆုံးသည် ရန်ကုန်တိုင်းမှဖြစ် သည်။ ရန်ကုန်တိုင်းတွင် ပိုးတွေ့ ရှိသူ ၁၁၆ ဦးရှိကာ ၂၉ ဦး သေ ဆုံးခဲ့သည်။

သေဆုံးသူများသည် အ သက်အရွယ်ငယ်လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ သွေး တိုး၊ နှလုံးရောဂါနှင့်အသက်ရှူ လမ်းကြောင်းရောဂါ စသည့်နာ တာရှည်ရောဂါအခံရှိသူများဖြစ် သည်။ ထို့ကြောင့် နာတာရှည် ရောဂါအခံရှိသူများ၊ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများ အ ထူးဂရုပြုနေထိုင်ရန် ဆရာဝန် ကြီးများက အကြံပြုထားသည်။

ရာသီတုပ်ကွေးရောဂါသည် ရောဂါပိုး ကူးစက်ခံရချိန်ကစ တင်၍ တစ်ရက်မှလေးရက်အ တွင်း ရောဂါလက္ခဏာများ စတင် ပေါ်ပေါက်လာနိုင်သည်။ လက္ခ ဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက်ဖျားခြင်း၊ နှာ ရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်း ခြောက်ဆိုးခြင်း၊ လည်ချောင်းနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ ထို့ထက်ပြင်းထန်လာ ပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူ ကျပ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာ မငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါ က နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ သို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။ ၂၀၁၇ က တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပိုးတွေ့ရှိသူ ၄၀၆ ဦး ရှိပြီး ၃၈ ဦးသေဆုံးသည်။ ၂၀၁၈ က ပိုးတွေ့ရှိသူ ၁၃ ဦးရှိ ပြီး သေဆုံးမှုမရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

No comments:

Post a Comment