Thursday, July 11, 2019

တရုတ်နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့် ရရှိရေး တရုတ်သံအမတ်တောင်းဆို

တရုတ်နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့်ရရှိရေး မြန်မာအစိုးရဆောင်ရွက်ပေးရန် တရုတ်သံအမတ်က တောင်းဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံ ဇူလိုင် ၉ ရက်တွင် ဗီဇာကင်းလွတ်ခွင့်ရရှိရေးနှင့် စပ်လျဉ်းပြီး တွေ့ဆုံပြောကြားသည်။



တရုတ်သံအမတ်က တရုတ်နိုင်ငံအတိုင်းအတာအရ လူဦးရေ များပြားသဖြင့် အခက်အခဲရှိပါက ဦးစားပေးအဖြစ် စီးပွားရေးဖွံ့ဖြိုး တိုးတက်သည့် ဒေသများဦးစွာဗီဇာကင်းလွတ်ခွင့်ရရှိရေး ဆောင် ရွက်ပေးစေလိုကြောင်းနှင့် မြန်မာ နိုင်ငံသို့ အကြိမ်ကြိမ်ဝင်ရောက် ခွင့် ဗီဇာကုန်ကျစရိတ်များပြား သည်ကို ပြန်လည်စဉ်းစားပေးရန် ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံး ဝန်ထမ်းများ၏ မိသား စုဝင်များကို မြန်မာအစိုးရ၏ ဗီဇာ ကြေး ကင်းလွတ်ခွင့်ဆောင်ရွက် ပေးရန်လည်း တရုတ်သံအမတ် က တောင်းဆိုသည်။

တရုတ်သံအမတ်၏တောင်း  ဆိုချက်ကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် နှစ်ဖက် ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ ဗီဇာ ကြေးကို တရုတ် တစ်နိုင်ငံတည်းမဟုတ်ဘဲ အခြားနိုင်ငံများကိုပါ တစ်ပြေးညီ သတ်မှတ်ထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ပြည်ဝင်ခွင့်ရရှိရေး သက် ဆိုင်ရာ သံရုံးများ၌ ဗီဇာလျှောက် ထားရပြီး ဗီဇာကင်းလွတ်ခွင့်ပြု ပါက နိုင်ငံကူးလက်မှတ် (ပတ်စ် ပို့) ဖြင့် အလွယ်တကူ ဝင်ရောက် နိုင်မည်ဖြစ်သည်။

တရုတ်  ခရီးသွားများကို ၂၀၁၈ အောက်တိုဘာ ၁ ရက်က စ၍ ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့် ပြုပြီးနောက်ပိုင်း ခရီးသွားဝင် ရောက်မှုမြင့်တက်လာကာ အိမ် နီးချင်းနိုင်ငံများ၌ ခေတ်စားသည့် ဇီရိုးဒေါ်လာ ခရီးစဉ်များသည် မြန်မာနိုင်ငံသို့ ကူးစက်လာခဲ့ သည်။ ထို့ကြောင့် တရုတ်ခရီး သွား စောင့်ကြည့်ရေးအဖွဲ့များ ကို ဇွန်လနောက်ဆုံးပတ်က ရန်ကုန်၊ မန္တလေးနှင့် ပုဂံတွင်  ဖွဲ့စည်းခဲ့သည်။‘‘အခုတောင် တော်တော် ထိန်းနေရတာ’’ ဟု တရုတ်နိုင်ငံ သားခရီးသွားများအပေါ် ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သုံးသပ်သည်။

ဟောင်ကောင်၊ မကာအိုနှင့် အာဆီယံဒေသတွင်း ရှစ်နိုင်ငံအ ပါအဝင် ၂၃ နိုင်ငံကို အပြန်အ လှန် ဗီဇာကင်းလွတ်ခွင့် မြန်မာ အစိုးရက ဆောင်ရွက်နေသည်။

ယခုနှစ်အောက်တိုဘာ ၁ ရက်ကစတင်ပြီး ဥရောပနိုင်ငံအ ချို့ကို ဗီဇာကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားထားသည်။

No comments:

Post a Comment