Monday, May 6, 2019

အပြစ်မရှိသည့် အရပ်သားများ အမြန်လွှတ်ပေးရန် သံဃာတော်များကျောက်တန်းရွာသို့ သွားရောက်မေတ္တာရပ်ခံ AA နှင့် မပတ်သက်သူများကို အမြန်ဆုံးလွှတ်ပေးနိုင်ရေး ဆောင်ရွက်နေဟု တပ်မတော်တုံ့ပြန်

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားသူများအနက် အပြစ်မရှိသည့် အရပ်သားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် စစ်တွေနှင့်ရသေ့တောင်မြို့နယ်များရှိ ဆရာတော်ခုနစ်ပါးက လူ ၁၃၀ကျော်ဆက်လက်ထိန်းသိမ်းစစ်ဆေးနေသော ရသေ့တောင်မြို့နယ် ကျောက်တန်းရွာစာသင်ကျောင်းသို့ သွားရောက်မေတ္တာရပ်ခံခဲ့ကြောင်း စစ်တွေမြို့သာသနာ့ဂုဏ်ရည်ကျောင်းမှ ဆရာတော်ဦးသုဂန္ဓက မိန့်ကြားသည်။

စစ်တွေမှ ဆရာတော်ကြီး  ခြောက်ပါးနှင့် ရသေ့တောင်မြို့ နယ်မှ ဆရာတော်တစ်ပါးတို့သည် သက်ဆိုင်ရာတပ်ပိုင်းနှင့် အစိုးရ ပိုင်းတာဝန်ရှိသူများသို့အကြောင်း ကြားကာ မေလ ၅ရက် တွင် ကျောက်တန်းရွာသို့ သွားရောက် ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသူ များ၊ တပ်မတော်တာဝန်ရှိသူများ အား တွေ့ဆုံခဲ့သည်။

 ‘‘ဆရာတော်ကြီးတွေလည်း စိတ်ပူနေတယ်၊ ပြည်သူပြည် သားတွေလည်း စိတ်ပူနေတယ် အဲဒါကြောင့်မို့လို့ မြေပြင်မှာ ဖြစ် တာက ဖြစ်တာတစ်ကြောင်း၊ အပြစ်မရှိတဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ မေတ္တာရပ်ခံတယ်’’  ဟု ဆရာတော်က မိန့်ကြားသည်။

ယင်းကျောက်တန်းရွာသို့ရောက်ရှိနေသည့် ဗျူဟာမှူးကလည်း ရက်အနည်းငယ် သည်းခံပေးရန် နှင့် အမြန်ဆုံးစိစစ်ပြီးပါက အပြစ် မရှိသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြား သည်ဟု ဆရာတော်ကမိန့်ကြား သည်။

AA တပ်ဖွဲ့ဝင်များခိုလှုံနေ သည်ဟု သံသယရှိ၍ ကျောက် တန်းရွာတွင် မသင်္ကာဖွယ်အသက်၁၅ နှစ်မှ ၅၀ နှစ်အကြားရှိ အမျိုး သား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ ၀င်များက ထိန်းသိမ်းစစ်ဆေးခဲ့ရာ မေလ ၂ ရက်နံနက်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ထိန်းသိမ်းထားသူများ ထဲမှ ခြောက်ဦးသေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိပြီး လေးဦး လွတ် မြောက် သွားသည်။

မေလ ၃ ရက်တွင် အပြစ်မရှိ ဟု စစ်ဆေးရရှိသူ ၁၂၆ ဦးကိုပြန် လွှတ် ပေးခဲ့ပြီး ၁၃၁ ဦးကိုဆက် လက်စစ်ဆေးနေကြောင်း တပ်မ တော်က သတင်းထုတ်ပြန်ခဲ့ သည်။

ထို့အပြင် မေလ၃ရက်တွင် တပ်မတော်အရာရှိတစ်ဦး ဦးစီး သည့် စုံစမ်းရေးအဖွဲ့ဖွဲ့ကာ ကျောက်တန်းပစ်ခတ်မှု ဖြစ်စဉ် အဖြစ်မှန်ပေါ်ပေါက်ရေး စစ်ဆေး နေကြောင်း၊ ထိုသို့စစ်ဆေးရာ တွင် ရပ်မိရပ်ဖများ၊ ရွာသူရွာသား များနှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြောသည်။

‘‘အဓိကကတော့ အဲဒီမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေ မှန်ကန် မှုရှိ၊ မရှိရယ်၊ အဲဒီမှာစစ်ဆေးနေ တဲ့အဖွဲ့တွေလည်း အမြန်ဆုံးပြီး ပြတ်နိုင်ဖို့၊ အပြစ်မရှိတဲ့လူတွေ၊ ပါဝင်ပတ်သက်မှု မရှိတဲ့လူတွေ အမြန်ဆုံးလွှတ်ပေးနိုင်ဖို့ အဲဒီ အတွက်ဆောင်ရွက်နေတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေ ၅ ရက်တွင် ပြောကြားသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ် သက်ပြီး စုံစမ်းစစ်ဆေးရာတွင် တပ်မတော်သားများ အနေဖြင့် လိုက်နာရမည့် ပြဋ္ဌာန်းချက်ဥပဒေ များကို လိုက်နာရန် ချို့ယွင်းချက် ရှိကြောင်း တွေ့ရှိပါကတရား ဥပဒေအတိုင်း ဆက်လက်ဆောင် ရွက်မည်ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအနီးတွင် မေလ ၄ ရက် က တပ်မတော်ယာဉ်တန်း ကို AA ကမိုင်းဆွဲတိုက်ခိုက်ရာ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့သည် ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ထို့နောက် ယင်း ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ကြောင်း ၎င်းကဆို သည်။

 AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကမူ ‘‘ရခိုင်စစ်မျက်နှာကို အင်အားဖြည့်ဖို့လာတဲ့ စစ် ယာဉ်တန်းပေါ့။ အဲဒီစစ်ယာဉ် တန်းကို ကျွန်တော်တို့တားဆီးပစ် ခတ်ခဲ့တာ၊ ကြားဖြတ်တိုက်ခိုက်ခဲ့ တာရှိတယ်’’ ဟုပြောကြားသည်။

No comments:

Post a Comment