Monday, May 6, 2019

ရန်ကုန်မြို့တွင်း မီးပွိုင့်များကို ဗဟိုထိန်းချုပ်ရေးစင်တာက နှစ်ရက်ကြာ စမ်းသပ်လည်ပတ်မည် စမ်းသပ်မှုအောင်မြင်ပါက တိုင်းအစိုးရက လွှဲပြောင်းယူမည်ဟု YRTA အတွင်းရေးမှူးပြော

ရန်ကုန်မြို့တွင်း မီးပွိုင့် ၁၅၁ ခုကို ဗဟိုထိန်းချုပ်ရေးစင် တာမှ ထိန်းချုပ်၍ စမ်းသပ်လည် ပတ်ခြင်းကို မေလ ၈ ရက်နှင့် ၉ ရက်တွင် ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA)က ကြေညာသည်။ မီးပွိုင့်များ စမ်းသပ်လည် ပတ်ခြင်းကို အဆိုပါနှစ်ရက်တွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိ ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။



သို့သော် ရန်ကုန်မြို့တွင် မီးပွိုင့် ၁၅၄ ခုရှိပြီး ဦးထောင်ဘို၊ ဦးဝိစာရနှင့် ဆရာစံပွိုင့်တို့ ပါဝင် ခြင်းမရှိဘဲ အခြားမီးပွိုင့် ၁၅၁ ခုကို စမ်းသပ်မည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မီးပွိုင့်ထိန်းချုပ်ရေး စနစ် စမ်းသပ်မည့်နေ့တွင် ယာဉ် ကြောကျပ်တည်းမှု ဖြစ်ပေါ်လာ ပါက ကူညီဆောင်ရွက်ပေးရန် YRTA က ညွှန်ကြားထားကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူးထွန်း ထွန်းအောင်က ဆိုသည်။

‘‘ဝိုင်းပြီးတော့ ကူညီထိန်း ပေးဖို့ ညွှန်ကြားထားတာရှိတယ်။ ယာဉ်ထိန်းရဲတွေ မီးပွိုင့်တွေမှာ အဆင်သင့်အနေအထားနဲ့ သူတို့လိုအပ်တဲ့ အခက်အခဲတွေကို ဝင်ကူပေးဖို့၊ ကားသမားတွေ အခက်အခဲမရှိအောင်လုပ်ပေးဖို့ပေါ့’’ဟု ၎င်းက ပြောသည်။

အဆိုပါစနစ်သည် မြို့တွင်း ရှိ ယာဉ်ကြောကျပ်တည်းမှု ဖြေ ရှင်းရန် လက်ရှိ အသုံးပြုနေသည့် ခလုတ်နှိပ် မီးပွိုင့်များအစား ရန်ကုန်တစ်မြို့လုံးရှိ မီးပွိုင့်များ ကို ဆင်ဆာစနစ်သုံး မီးပွိုင့်များ ဖြင့် ပြောင်းလဲထားခြင်းဖြစ်သည်။

ထိုသို့ မီးပွိုင့်များကို ဗဟို ထိန်းချုပ်ရေးစင်တာမှတစ်ဆင့် တစ်ပြိုင်တည်း ထိန်းချုပ်လည် ပတ်ရန် နည်းပညာဆိုင်ရာ လုပ် ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ နောက်ဆုံးအဆင့် စမ်းသပ်ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေး ကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ဆိုသည်။

ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်း ချုပ်ရေးစနစ်ကို ယခင် ရန်ကုန် တိုင်းအစိုးရအဖွဲ့က တရုတ် အစိုးရပိုင် CRCC ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်သည့် ရွှေယင်း ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ ခြင်းဖြစ်သည်။

‘‘CRCC နဲ့လုပ်တဲ့ဟာကို နောက်ဆုံး ဒါအပြီးသတ်လုပ်တာ လေ။ အဲဒါပြီးမှ လွှဲပြောင်းယူမှာ။ အဲဒါကြောင့်မို့လို့ နောက်ဆုံးစမ်း သပ်တာ’’ဟု ၎င်းက ပြောသည်။

ယင်းကုမ္ပဏီများက ၂၀၁၆ ဖေဖော်ဝါရီတွင် လုပ်ငန်းစတင် ကာ ယင်းနှစ် ဩဂုတ်၌ လုပ်ငန်း ပြီးစီးရန် လျာထားခဲ့သော်လည်း သတ်မှတ်ကာလအတွင်း မပြီးဘဲ ယခုမှသာ စမ်းသပ်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရထံ လွှဲ ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ မီးပွိုင့်များတွင် စီစီ တီဗီကင်မရာများလည်း တပ်ဆင် ထားသည်။

ထိုသို့ ဗဟိုမီးပွိုင့်ထိန်းချုပ် ရေးစနစ်ကြောင့် ယာဉ်ကြောကျပ် တည်းမှု အနည်းငယ်လျော့နည်းနိုင်သည်ဟု   မျှော်လင့်ရသော် လည်း စတင်စမ်းသပ်မည့်ရက် တွင် အဆင်မပြေမှုများရှိပါက ယင်းနေ့၌ ယာဉ်ကြောကျပ်တည်း မှု ဆိုးရွားမည်ကို စိုးရိမ်ရကြောင်း အငှားယာဉ်မောင်းအချို့က  ပြော သည်။

‘‘မီးပွိုင့်စမ်းမယ့်ရက်တော့ မြို့ထဲပိုင်းကို ရှောင်မောင်းမယ်လို့ တော့ စဉ်းစားထားတယ်။ သူတို့ လုပ်မယ့်စနစ်ကတော့ ကောင်း တယ်လို့တော့ ထင်တာပဲ။ စောင့် တော့ကြည့်ရမှာပေါ့’’ဟု လှိုင်မြို့ နယ်နေ အငှားယာဉ်မောင်း ကိုအောင်ခိုင်မင်းက ပြောသည်။ ထိုစနစ်ကို ယခင်အစိုးရ လက်ထက်က ချထားပေးသည့် သမ္မတရုံး ရန်ပုံငွေ ကျပ် ဘီလီယံ ၂၀ ဖြင့် စတင်ခဲ့ကြောင်း သတင်း များတွင် ဖော်ပြထားသည်။

No comments:

Post a Comment