Monday, May 6, 2019

AA တိုက်ခိုက်မှုများကြား ကုလားတန်ဘက်စုံသုံးစီမံကိန်း ဆက်လက်လုပ်ကိုင်ရေး နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးဟုဆို

ချင်းပြည်နယ်၌ အိန္ဒိ ယနိုင်ငံက အကောင်အထည် ဖော်နေသည့် ကုလားတန်ဘက် စုံသုံးစီမံကိန်းကို ရခိုင်လက်နက် ကိုင်တပ်ဖွဲ့(AA)၏ တိုက်ခိုက်မှု များကြား စီမံကိန်းဆက်လက် လုပ်ကိုင်နိုင်ရေး နှစ်နိုင်ငံကိုယ် စားလှယ်များ မေလ ၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။ေ ဒ်ါလာသန်း ၅၀၀ တန် အဆိုပါ စီမံကိန်းကို AA လက်နက်ကိုင်အဖွဲ့က နှောင့်ယှက်နေခြင်း ကြောင့် အိန္ဒိယနိုင်ငံက စိုးရိမ်နေပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ရန် တိုင်ပင်ခြင်းဖြစ်ကြောင်း ဦးစိုးထက်က ပြောသည်။



‘‘သူတို့(အိန္ဒိယ) ကလည်း သူတို့အစိုးရအနေနဲ့ ပြီးဆုံး အောင် လုပ်မယ်လို့ အာမခံထား ပါတယ်။ နှစ်နိုင်ငံအကျိုးစီးပွား အတွက် နှစ်နိုင်ငံခေါင်းဆောင် တွေ ညှိနှိုင်းလုပ်တာ ဖြစ်တယ်။ အခုက သူကစိုးရိမ်နေတယ်။ စိုး ရိမ်ပူပန်မှု မှတ်ချက်တွေပေးနေ တာ ရှိတယ်’’ဟု ၀န်ကြီးကပြော သည်။ AA အဖွဲ့က အဆိုပါ စီမံ ကိန်းကို ဆက်လက်နှောင့်ယှက် ပါက တပ်မတော်နှင့် ထိပ်တိုက် ထိတွေ့မှုများ ဆက်လက်ဖြစ်ပေါ် လာမည်ဟု ၀န်ကြီးဦးစိုးထက်က ဆိုသည်။

အထက်ပါ ဆွေးနွေးပွဲကို နေပြည်တော်၌ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အ စိုးရနှင့် အိန္ဒိယနိုင်ငံမှ ကိုယ်စား လှယ်များဖြင့် ဆွေးနွေးပြီး  ထို ဆွေးနွေးပွဲတွင် စစ်ရေးမှအပ စီ မံကိန်းဆက်လက် အကောင်အ ထည်ဖော်ရေး နည်းလမ်းများ ဆွေးနွေးခဲ့သည်ဟု ၎င်းကပြော သည်။ လက်ရှိတွင် ပလက်ဝမြို့၏ ကီလိုမီတာ ၂၀ (၁၂ မိုင်ကျော်) မှ ကီလိုမီတာ၄၀ (၂၄ မိုင်ကျော်) အကြားတွင်  လမ်းအတွက် မြေယာလုပ်ငန်းများ၊  လမ်းအူကြောင်းရှာခြင်း၊ မြေပြင်တိုင်းတာခြင်းနှင့် မြေယာလျော်ကြေး ပေးခြင်း ဆောင်ရွက်နေသည်ဟု ၀န်ကြီးက ပြောကြားသည်။

AA အဖွဲ့က အဆိုပါစီမံ ကိန်း၌  လမ်းဖောက်လုပ်ရေးဆောင်ရွက်နေသည့် အလုပ်သ မားရှစ်ဦးကို မတ်လ ၃၀ ရက်တွင် ဖမ်းဆီးထားသည်။ AA ဒုဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ဖမ်းဆီးထား သူများနှင့်ပတ်သက်၍ အရပ် သားများကို ပြန်လွှတ်ပေးပြီး တပ် မတော်နှင့် ဆက်စပ်သူများကိုမူ လိုအပ်သည့် စစ်ဆေးမှုများ ပြု လုပ်ရကြောင်း 7Day Daily သတင်းစာအား ဖြေကြားထားသည်။

ကုလားတန်ဘက်စုံသုံး စီမံ ကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ် သည့် ပလက်ဝတံတားတည် ဆောက်ရေး သံပေါင်များ သယ် ဆောင်လာသည့် သင်္ဘောကို AA  အဖွဲ့က မတ်လအတွင်း မီးရှို့ဖျက်ဆီး၍ တံတားတည်ဆောက်ရေး စီမံကိန်း ယာယီရပ်ဆိုင်းထား သည်။ ဒေါ်လာသန်း ၅၀၀ တန် ကုလားတန်ဘက်စုံသုံး စီမံကိန်းသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကို ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက်သွယ်ရန်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၀ တွင် အပြီးသတ်ရန် စီစဉ်ထား သည်။

No comments:

Post a Comment