Monday, May 6, 2019

အာဆီယံဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌရာထူးမှ ဦးဇော်ဇော် နုတ်ထွက်သွား၍ ဒုဥက္ကဋ္ဌလေးဦး ပြန်လည်ရွေးချယ်

အာဆီယံဘောလုံးအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ရာထူးမှ ဦးဇော်ဇော် နုတ်ထွက်သဖြင့် ဒုဥက္ကဋ္ဌလေးဦး ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ သည်။  ဦးဇော်ဇော်သည် ဧပြီ ၇ရက် က မလေးရှားနိုင်ငံ၌ ကျင်းပသည့် အာရှဘောလုံးအဖွဲ့ချုပ်  ကွန်ဂ ရက်နှင့် ရွေးကောက်ပွဲ၌ အာ ရှဘောလုံးအဖွဲ့ချုပ်  ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသောကြောင့်  အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ နုတ်ထွက်ခြင်းဖြစ်သည်။  ထို့ကြောင့် အာဆီယံဘော လုံးအဖွဲ့ချုပ်သည် မေလ ၄ ရက် က မလေးရှားနိုင်ငံ၌ ကျင်းပ သည့် First FIFA-AFC-Asian Zonal Associations အစည်းအ ဝေးတွင် ဒုဥက္ကဋ္ဌသစ်လေးဦးကို အတည်ပြု ရွေးချယ်ခဲ့သည်။


အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌနေရာအတွက် စင်ကာပူ၊ ဘရူနိုင်း၊ တီမော ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌများနှင့် အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး  တို့ ရွေးချယ်ခံရသည်။  အဆိုပါ ဒုဥက္ကဋ္ဌများသည်  ၂၀၁၉ မှ ၂၀၂၃ သက်တမ်းအထိ ဆောင်ရွက်ရန်  ရွေးချယ်ခံရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကျန်အမှုဆောင်အရာရှိ များကို မတ်လ ၁၇ ရက်က ကမ္ဘောဒီးယားနိုင်ငံ၌  ပြုလုပ် သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်  ကွန်ဂရက်တွင် ရွေးချယ်တင် မြှောက်ပြီးဖြစ်သည်။  ဦးဇော်ဇော်သည် လက်ရှိ တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌအဖြစ် ပူးတွဲတာဝန် ထမ်းဆောင်နေသည်။  မြန်မာ့ဘောလုံးနှင့် အာရှဘောလုံးအဖွဲ့ချုပ်၏ လုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်ရန် အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးဇော်ဇော်က ပြောကြားထား သည်။

No comments:

Post a Comment