Wednesday, May 29, 2019

ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လင်းယုန်စီမံချက် ကာလအတွင်း မွန်ပြည်နယ်၌ ယာဉ်စီးရေ သုံးသောင်းနီးပါး အရေးယူခဲ့ပြီး နိုင်ငံတော် ဘဏ္ဍဍာငွေကျပ် ၈၉၇၃ သိန်း ခန့်ရရှိ

ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် လင်းယုန်စီမံချက်ကာလ ရက် ၁၀ဝ အတွင်း မွန်ပြည်နယ် မြို့နယ်များမှ စည်းကမ်းပျက် ယာဉ်စီးရေ သုံးသောင်းနီးပါးကိုဥပဒေအရ အရေးယူခဲ့ရာ နိုင်ငံတော် ဘဏ္ဍဍာငွေကျပ် ၈၉၇၃ သိန်းခန့် ရရှိခဲ့ကြောင်း၊ ဝန်ကြီးဗိုလ်မှူးကြီး နေထွဋ်ဦး (ဒုဥက္ကဋ္ဌဌ မွန်ပြည်နယ် ယာဉ်/ လမ်း အန္တရာယ် ကင်းရှင်းရေးကောင်စီ၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး) က ဆိုသည်။

“ပြည်နယ် အနေနဲ့ တစ်ပြား တစ်ချပ်မှ ရစရာအကြောင်း မရှိပါဘူး။ လက်ရှိ တည်ဆဲ ဥပဒေအရ၊ ဒီအမှုအဖွဲ့ကလည်း တရားရုံး သွားလိုက်တယ် ဆိုတာနဲ့ သူဒဏ်ကြေး ဆောင်လိုက်တဲ့အတိုင်း ဘဏ်ထဲကို တန်းဝင်သွားပါတယ်။ ပြည်နယ် ဘတ်ဂျက်ကို ဝင်လာစရာ အကြောင်းမရှိပါဘူး။ အခုလက်ရှိ အမှုပေါင်း ၂၉၉၁၃ ခုမှာ အားလုံး ရက် ၁၀ဝ ပြီးသွားတဲ့ချိန်မှာ ၈၉၇၃ သိန်း ၉ သောင်းကျော် နိုင်ငံတော် ဘဏ္ဍဍာထဲ ဝင်သွားတာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေး ကောင်စီသို့ အရပ်ဘက် အဖွဲ့အစည်းများ ဖြစ်ကြသော ဦးအုန်းသန်းက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနဆိုင် ရာ၊ ဦးဘိုဘိုဝင်းက စည်ပင်၊ ထွေအုပ်ဌာနဆိုင်ရာ၊ ဦးခင်မောင်တင့်က လင်းယုန်စီမံချက်ဆိုင်ရာ၊ ဦးသောင်းဝင်းက စည်ကမ်းပျက်ဆိုင်ရာ၊ ဦးသန်းဇော်က အစိုးရဆိုင်ရာတို့ကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံ ဆွေးနွေးမှုမှ လိုင်စင်မဲ့ ဆိုင်ကယ် ပပျောက်ရေးအတွက် မွန်ပြည်နယ်တွင်းသုံး ဆိုင်ကယ် လိုင်စင် ပြုလုပ်ပေးမည်ဖြစ်ပြီး မိမိတို့ အမှန်သုံးစွဲ ဆိုင်ကယ်များကိုသာ စိစစ် လက်ခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လင်းယုန်စီမံချက် တရားရုံးဆိုင်ရာများသည် တည်ဆဲဥပဒေအရ၊ တရားရုံး တက်ရခြင်း ဖြစ်ကြောင်း၊ လင်းယုန်စီမံချက်သည် စဉ်ဆက်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ယာဉ်လမ်းညွှန်၊ လမ်းအချက်ပြများ ရေးဆွဲရန် ဘတ်ဂျက် မရှိ၍၊ အလှူရှင်များ ရှာဖွေရန်၊ ဇွန်လအတွင်း အခြေခံပညာ၊ တက္ကသိုလ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ရာ၊ ယာဉ်/လမ်း စည်းကမ်းအတွက် အရပ်ဘက် အဖွဲ့များကို ဆက်သွယ် အကူအညီ တောင်းခံရန် ရှိကြောင်း၊ အဝေးပြေးကွင်း (လှိုင်၊ဈေးကြို) တို့၏ ယာဉ်တိုးပွားမှုနှင့်အညီ တိုးချဲ့နိုင်ရန် အစီအမံများ ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးခဲ့ပြီး လတ်တလော ဆောင်ရွက်နိုင်သည်များကို ဦးစားပေး လုပ်ဆောင်၍ ကျန်ရှိသည်များကိုလည်း အစိုးရအဖွဲ့သို့  တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment