Monday, May 6, 2019

ဆိုင်ကယ်တက္ကစီမောင်းသူကို သေနတ်ဖြင့် ပစ်ခဲ့သူနှစ်ဦး ဖမ်းဆီးမိ

မြိတ်မြို့တွင် ဆိုင်ကယ် တက္ကစီမောင်းသူကို သေနတ်ဖြင့် ပစ်ခတ်သည့် အမျိုးသားနှစ်ဦး အား ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး နေသည်။ သံပြောင်းပါ သစ်သားဖြင့် ပြုလုပ်ထားသည့် လုပ်သေနတ်တစ်လက်၊ ကျည် ၁၃ တောင့်နှင့် ကျည်ခွံခြောက်ခုနှင့်အတူ မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်ရှိ နေအိမ်အတွင်း ယမန်နေ့က ဖမ်းဆီးမိသည်။ လက်ရှိတွင် ဖမ်းဆီးမိသည့် အမျိုးသားနှစ်ဦးမှာ တပ်မတော် သားများဖြစ်ကြောင်း ပြောဆိုနေ သော်လည်း စိစစ်နေဆဲဖြစ် ကြောင်း မြိတ်မြို့မရဲစခန်းမှူးက ပြောသည်။
‘‘သူတို့က ပြောချင်ရာ လျှောက်ပြောနေတာ။ စိတ်ပုံမှန် မဟုတ်ဘူး။ သူလုပ်တဲ့ကိစ္စကိုမှ တိတိပပ ရေရေရာရာ ဘာကြောင့်လုပ်တယ်ဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ စိစစ်ဆဲ ပဲ’’ဟု ၎င်းက ရှင်းပြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာန ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး သန့်ဇင်ဦးထံ ယမန်နေ့ညနေ က ဖုန်းအကြိမ်ကြိမ်ဆက်သွယ် သော်လည်း အဆက်အသွယ်မရ ရှိပေ။ မေလ ၂ ရက်က ဆိုင်ကယ် တက္ကစီမောင်းသူ ဦးဝင်းနိုင်ကို မြိတ်မြို့ ရေနံမြေလမ်းဆုံမှ ကုန်း ဖောက်ရပ်ကွက် ထူးထူးတိုးကြက် ခြံအနီးသို့ အထက်ပါ ကျူးလွန်သူ နှစ်ဦးက ဆိုင်ကယ်ငှားစီးခဲ့ရာ မြိတ်တောင်ကျေးရွာ ကုန်းဖောက် ရပ်ကွက်၊ စုပေါင်းရုံအနီးသို့ ရောက်စဉ် အဆိုပါ အမျိုးသားနှစ် ဦးအနက် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် နှစ်ဦးစလုံး ထွက်ပြေးခဲ့သည်။

သေနတ်ဒဏ်ရာကြောင့် ဆိုင်ကယ်မောင်းသူ ဦးဝင်းနိုင်၏ နောက်ကျောယာဘက်ခြမ်းမှ ယာနို့အုံပေါက်ထွက်ဒဏ်ရာရရှိရာ မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရသည်။ ကျူးလွန်သူ အမျိုးသားနှစ် ဦးကို မြိတ်မြို့မရဲစခန်းတွင် ရာဇ သတ်ကြီးပုဒ်မ ၃၀၇/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

No comments:

Post a Comment