Monday, May 6, 2019

မန္တလေး Hilton ဟိုတယ်တွင် စွန့်ပစ်ကော်ဖီ မှုန့်များမှ Coffee Brick လောင်စာတောင့်ပြုလုပ်ခြင်းအစီအစဉ် စတင်

စွန့်ပစ်မည့် ကော်ဖီ မှုန့်များကို အသုံးပြု၍ Coffee Brick လောင်စာတောင့်ပြုလုပ် ခြင်းအစီအစဉ်ကို မေလ ၄ ရက် ကမန္တလေးမြို့ရှိ Hilton ဟိုတယ် တွင် စတင်ခဲ့သည်။ ‘‘ကော်ဖီမှုန့်တွေကို စွန့်ပစ် မယ့်အစားလောင်စာတောင့်ပြန် လုပ်တယ်။ မီးသွေးအစားထိုးသုံး နိုင်တဲ့အတွက် ကာဗွန်ထုတ်လွှတ် တဲ့ပမာဏကို လျှော့ချချင်တာ ဖြစ်ပါတယ်။ အများကြီးမဟုတ် ပေမယ့် မန္တလေးအတိုင်းအတာအ နေနဲ့ ဒီဟိုတယ်ကနေ ကာဗွန် ထုတ်လွှတ်တာလျှော့ချပေးချင် လို့ပြုလုပ်တာဖြစ်ပါတယ်’’ ဟု မြန်မာနိုင်ငံရှိ Hilton ဟိုတယ် လုပ်ငန်းစု အထွေထွေမန်နေဂျာ Veronique Sirault ကပြော သည်။


အသုံးပြုပြီးသည့် ကော်ဖီမှုန့် များကို စွန့်ပစ်ရမည့်အခြားသော ပစ္စည်းများဖြစ်သည့် စက္ကူအပိုင်း အစများ၊ ထမင်းကိုကျို၍ ရရှိ သည့် ကော်ရည်တို့ဖြင့် ပေါင်းစပ် ကာလောင်စာတောင့်ပြုလုပ်ခြင်း ဖြစ်သည်။ Coffee Brick လောင်စာ တောင့်အသုံးပြုခြင်းဖြင့် မီးသွေး  အသုံးပြုမှုကို ဆတူလျှော့ချနိုင် ကြောင်း Veronique Sirault ကဆိုသည်။

ကော်ဖီတောင့်လောင်စာအ သုံးပြုခြင်းသည် အာရှဒေသတွင်း ရှိ Hilton ဟိုတယ်အားလုံးတွင် မန္တလေးမြို့က ပထမဆုံးစတင်ပြု လုပ်ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။ Hilton ဟိုတယ်အနေဖြင့်  အသုံးပြုပြီးသော ဆပ်ပြာများကို ပြန်လည်သန့်စင်၍ ဆပ်ပြာတုံး အသစ်များပြုလုပ်ကာ မိဘမဲ့ ကလေးကျောင်းများသို့ လှူဒါန်း သည့် ပရိုဂရမ်တစ်ခုကိုလည်း မတ်လအတွင်းကစတင်ပြုလုပ် နေသည်။

No comments:

Post a Comment