Monday, May 6, 2019

အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့က တစ်နှစ်ကျော်အတွင်း ကုန်ပစ္စည်း ကျပ်သန်းခုနစ်ထောင်ကျော်ဖိုးကို တားဆီး၊ ဖမ်းဆီးမိ

အကောက်ခွန်လှုပ်ရှား စစ်ဆေးရေးအဖွဲ့သည် တစ်နှစ် ကျော်အတွင်း တားဆီးဖမ်းဆီးမှု ၂၆၁ ကြိမ်ပြုလုပ်ပြီး ခန့်မှန်းတန်ဖိုး ကျပ်သန်းခုနစ်ထောင် ကျော် (၇၉၈၂ ဒသမ ၄ သန်း) ရှိ သည်ဟု အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတက်ထွန်း အောင်က ပြောသည်။ အဆိုပါပမာဏသည် မူ ဆယ်-လားရှိုး-မန္တလေး ပြည် ထောင်စုလမ်းမ၊ မြဝတီ- ဘားအံ -ရန်ကုန် ကုန်သွယ်မှုလမ်းမ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေ ဆိပ်နှင့် ရန်ကုန်ဘူတာကြီးအပါ အဝင် လမ်းဘူတာများ၌ ဖမ်းဆီး ရရှိမှုဖြစ်သည်။



ဖမ်းဆီးရရှိသည့် ပစ္စည်းများ တွင် ကျောက်စိမ်း၊ ဟန်းဆက်၊ စီးကရက်၊ အဝတ်အထည်အပါ အဝင် ကုန်ပစ္စည်း ၁၄ မျိုးခန့်ရှိ ကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

အကောက်ခွန် ဦးစီးဌာန သည် ဖမ်းဆီးရမိသည့်ပစ္စည်းများ ကို တန်ဖိုးဖြတ်၍ ရွေးဒဏ် (ဒဏ် ကြေးပေးဆောင်ကာ ရွေးယူစေ ခြင်း) ပေးဆောင်စေပြီး ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်း၊ ရွေးယူ ခြင်းမရှိပါက လေလံတင်ခြင်းနှင့် ဖျက်ဆီးရမည့်ကုန်ပစ္စည်းများကို ဖျက်ဆီးသည်ဟု ကြေညာထား သည်။

ဖမ်းဆီးရမိသည့် ကုန်ပစ္စည်း များသည် မူယစ်ဆေးဝါးနှင့်လက် နက်ကဲ့သို့ တားမြစ်ပစ္စည်းများ မဟုတ်ဘဲ တရားဝင်လမ်းကြောင်း ဖြင့်တင်သွင်းနိုင်သည့် ကန့်သတ် ပစ္စည်းများသာဖြစ်ကာ ပိုင်ရှင်အ များစု သည် ရွေးဒဏ်ပေးဆောင်၍ ကုန်ပစ္စည်းပြန်လည်ရယူသည်ဟု ဦးတက်ထွန်းေ အာင်ကပြောသည်။

တရားမဝင် ကုန်သွယ်မှုကို တားဆီးထိန်းချုပ်ရန် ၂၀၁၂ ဒီဇင်ဘာတွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန် ကြီးဌာန လက်အောက်၌ တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team)ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၅ ဒီဇင်ဘာတွင် အစိုးရသစ်က ဖျက်သိမ်းခဲ့သည်။ အစိုးရသစ်သည် ၂၀၁၈ ဇန် နဝါရီ ၁၅ ရက်တွင် အကောက်ခွန် ဦးစီးဌာန လက်အောက်၌ အ ကောက်ခွန်လှုပ်ရှားစစ်ဆေးရေး အဖွဲ့အမည်ဖြင့် တရားမဝင်ကုန် သွယ်မှုကို တားဆီးထိန်းချုပ်ရန် ပြန်လည်ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment