Monday, May 6, 2019

ဧပြီ မြန်မာလိဂ်အကောင်းဆုံး ကစားသမားဆု ရန်ကုန်တိုက်စစ်မှူးဆယ်လာ ရရှိ

မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဧပြီလအကောင်း ဆုံး ကစားသမားဆုကို ရန်ကုန် ယူနိုက်တက် အသင်းတိုက်စစ်မှူး ဆယ်လာက ရရှိသည်။  ဂီနီတိုက်စစ်မှူး ဆယ်လာသည် ဧပြီအတွင်း ယှဉ်ပြိုင်ကစားသည့် မြန်မာလိဂ် ပွဲစဉ်များတွင် အထူးခြေစွမ်းပြကစားနိုင်ပြီး ရန်ကုန်အသင်းအတွက် အရေး ပါသည့် ဂိုးများသွင်းယူခဲ့သဖြင့် အကောင်းဆုံးဆု  ရရှိခြင်းဖြစ်ကြောင်း လိဂ်ကော်မတီက ထုတ်ပြန်သည်။  ဆယ်လာသည် ဧပြီအတွင်း ကျင်းပသည့် မြန်မာလိဂ်ပွဲစဉ် သုံးပွဲစလုံးကို အသင်းနှင့်အတူ ဝင်ရောက်ကစားခွင့်ရရှိပြီး  လေးဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့အပြင် ဆယ်လာသည် မြန်မာလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် (၁၀)အထိ ရှစ်ဂိုး သွင်းယူထားသည်။



ဧပြီတစ်လတာ အကောင်း ဆုံး ကစားသမားဆု ရရှိသည့် ဆယ်လာအား ဆုကြေးကျပ်တစ် သိန်းခွဲချီးမြှင့်သည်။ အဆိုပါ အကောင်းဆုံး ကစားသမားဆုကို မေလ ၄ ရက်က YUSC ၌ ယှဉ်ပြိုင်သည့် မြန်မာလိဂ် ပွဲစဉ် (၁၀) ရန်ကုန်နှင့် စစ်ကိုင်းအသင်းပွဲတွင် ပေးအပ်ခဲ့သည်။  ဆယ်လာသည် ၂၀၁၈ ဘောလုံးရာသီတွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ်စီဘူးအသင်းမှ ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ၂၀၁၉ မြန်မာလိဂ် ပွဲစဉ် (၁၀) အပြီး ရန်ကုန်ယူ နိုက်တက်သည် ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် ၂၀  ရရှိထားသည်။

No comments:

Post a Comment