Monday, May 6, 2019

မြောက်ပိုင်းလေးဖွဲ့က ပေးပို့သည့် အပစ်ရပ်မူကြမ်းကို ဆွေးနွေးညှိနှိုင်းမည်ဟု တပ်မတော်ပြော

 မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်အ ဖွဲ့ (KIO/ KIA) ၊ တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA) တို့က ပေးပို့သည့် Bilateral  နှစ်ဦးနှစ်ဖက်အကြား အပစ်ရပ်စာချုပ်မူကြမ်းများကို ဆွေးနွေး ညှိနှိုင်းရမည်ဖြစ် ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ နေပြည်တော်၌ မေလ ၃ ရက်က ကျင်းပသည့် တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မ တော်သတင်းမှန်ပြန်ကြားရေးအ ဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက Bilateral ကို လက်ခံမည်၊ လက်မခံမည်ကို တပ်မတော်က မဆုံးဖြတ်ရသေးဘဲ ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားခြင်းအပေါ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်မံရှင်းလင်း ပြောကြားသည်။



‘‘သူဆိုလိုတာက အဲဒီထဲမှာ ပါတဲ့ဟာတွေ အကုန်လုံးကို သဘောတူ၊ မတူ မဆုံးဖြတ်ရ သေးဘူးကို ဆိုလိုတာ။ ကျွန်တော်တို့ သိရသလောက်က တချို့ဟာ တွေကဆက်ပြီး ညှိနှိုင်းရဦးမှာ ဖြစ်တယ်။ အဲဒီမှာ ကျန်သွားတာ ဖြစ်ပါတယ်။ သူတို့ဆီက မူကြမ်း ကို ကျွန်တော်တို့ဆီက ပြန်ပြီး တော့ NRPC ရော၊ တပ်နဲ့ရောပြန် ပြီး ညှိနှိုင်းရဦးမှာ။ သူတို့ဆီက ပေးလိုက်တဲ့အတိုင်းကို ပြန်ပြီး ဆွေးနွေးညှိနှိုင်းရဦးမှာကို ဆိုလို တာပါ’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောကြားသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံ ဆွေးနွေးရာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဆောင်ရွက်ရာတွင် Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရန် သဘောတူညီပြီး မြောက်ပိုင်း လေးဖွဲ့က တစ်ဖွဲ့ချင်းစီ၏ အဆို ပြုမူကြမ်းကို အစိုးရထံပေးအပ်ခဲ့ သည်။ မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့က ပေးပို့သော စာချုပ်မူကြမ်းများကို နှစ်ဖက်အပြန်အလှန် ညှိနှိုင်းရန် မေလတွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဟု မူဆယ်ဆွေး နွေးပွဲ၌ သဘောတူညီခဲ့သည်။

No comments:

Post a Comment