Monday, May 6, 2019

KNU နှင့် RCSS ပါဝင်ရေး စောင့်ဆိုင်းနေသဖြင့် အပစ်ရပ်စောင့်ကြည့်ရေး အစည်းအဝေးများ ရပ်ဆိုင်းထားဆဲဟုဆို

ကရင်အမျိုးသားအ စည်းအရုံး(KNU)နှင့်ရှမ်းလက် နက်ကိုင်အဖွဲ့ (RCSS)တို့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် တရားဝင် ဆွေးနွေးမှုများတွင် ပြန်လည်ပါ ၀င်လာမည့်အချိန်ကို စောင့်ဆိုင်း သည့်အနေဖြင့် ပြည်ထောင်စုအ ဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)အစည်းအ ဝေးများ ယာယီရပ်ဆိုင်းထားဆဲ ဖြစ်ကြောင်း JMC-U အဖွဲ့ဝင် များက ပြောသည်။

JMC-U အစည်းအဝေးများ ကို နှစ်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားရာ နောက်ဆုံး တစ်ကြိမ်ကို ၂၀၁၈ စက်တင်ဘာ လကုန်က ကျင်းပခဲ့သည်။ ၂၀၁၈ နိုဝင်ဘာတွင် အစည်းအဝေး ပြန်လည် ခေါ်ယူရမည်ဖြစ်သော် လည်း KNU က ငြိမ်းချမ်းရေးဆွေး နွေးမှုဆိုင်ရာ တရားဝင်ဆွေးနွေး ပွဲ၌ ပါဝင်မှုယာယီရပ်ဆိုင်းထား ခြင်းနှင့် ရှမ်းပြည် ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)က အပစ်ရပ်ပူးတွဲကော်မတီတွင် ပါ ၀င်မှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် JMC-U ပုံမှန်အစည်းအ ဝေးပြုလုပ်ရန် ခြောက်လကျော် နောက်ကျနေပြီဖြစ်ကြောင်းကော် မတီဝင်များကပြောသည်။

‘‘မေလ အတွင်းမှာတော့ မဖြစ်နိုင်သေးဘူး။ မေလအတွင်း မှာ RCSS နဲ့ KNU နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာဆွေးနွေးဖို့၊ တွေ့ဖို့အခြေ အနေ သတင်းကြားရတာလည်း မရှိသေးဘူးလေ။ ဆိုတော့ ကျွန် တော်ထင်တယ်။ JMC အစည်းအ ဝေးတွေကတော့ လတ်တလော မဖြစ်နိုင်သေးဘူး’’ ဟု ကော်မတီ ၀င် ဆလိုင်းယောအောင်က ပြော သည်။ JMC အစည်းအဝေးများ ပုံမှန်မကျင်းပနိုင်ပါက ကော်မတီ လုပ်ငန်းများ ဆက်လက်ဆောင် ရွက်ရန် အခက်အခဲရှိကြောင်း JMC အရပ်သားကိုယ်စားလှယ် များကပြောသည်။

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အောက်တိုဘာ တွင် နေပြည်တော်၌တွေ့ဆုံဆွေး နွေးပြီးနောက် KNU သည် အောက်တိုဘာ ၂၇ ရက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ၌ ပါဝင်မှုယာ ယီရပ်ဆိုင်းကြောင်း ဒေါ်အောင် ဆန်းစုကြည်ထံစာပေးပို့ခဲ့သည်။

RCSS က ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC)အ ဆင့်ဆင့်တွင် တစ်နိုင်ငံလုံးအပစ် ရပ်သဘောတူညီချက် (NCA) အ တိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိ ဘဲ တရားမျှတမှုမရှိဆိုကာ JMC အစည်းအဝေးများ၌ ပါဝင်တက် ရောက်ရန် သုံးသပ်မည်ဖြစ် ကြောင်း အောက်တိုဘာ ၇ ရက် က ထုတ်ပြန်ထားသည်။

‘‘ကျွန်တော်တို့ ဒီဘက်က တော့ တာဝန်ရှိသူတွေသွားပြီး တော့ KNU နဲ့လည်း အလွတ်သ ဘောတွေ့တာမျိုးတွေတော့ရှိပါ တယ်။ ဒါပေမဲ့လည်း တကယ်က ကာယကံရှင်တွေဖြစ်တဲ့ တပ်နဲ့ KNU နဲ့တွေ့ဖို့လိုတယ်။ တပ်နဲ့ RCSS နဲ့တွေ့ဖို့လိုတယ်။ ဒီလိုပဲ NRPC နဲ့ ဒီနှစ်ဖွဲ့နဲ့လည်း တွေ့ဖို့ လိုပါတယ်။ အဖြေတစ်ခုရအောင် ဆွေးနွေးဖို့လိုပါတယ်။ ရလဒ် မထွက်တဲ့ ဆွေးနွေးမှုတွေဖြစ်နေ မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးက နှောင့်နှေးနေ ဦးမှာပါ’’ ဟု ဆလိုင်းယောအောင် က မေလ ၂ ရက်တွင်ပြောသည်။

တရားဝင်အစည်းအဝေး များ ကျင်းပနိုင်ခြင်းမရှိသေးသော် လည်း JMC ကော်မတီဝင်များနှင့် လူထုတွေ့ဆုံပွဲများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အ သိပညာပေးအခမ်းအနားများနှင့် အရပ်သားကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေ ကြောင်း ၎င်းကဆက်လက်ပြော သည်။ တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသ ကြီးအဆင့်နှင့် ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။

No comments:

Post a Comment