Monday, May 6, 2019

ရေရှားပါးမှုဖြေရှင်းရန်သာမက စိမ်းလန်းရေးနှင့် အပူချိန်လျော့နည်းရေး ရေကန်များဆက်လက်ပြုပြင်မည်ဟု မကွေးဝန်ကြီးချုပ်ပြော

 ရေရှားပါးမှု ဖြေရှင်း ရန်သာမက မိုးရေများမြေအောက်  စိမ့်ဝင်စေရေး၊ ဒေသတွင်းစိမ်း လန်းရေးနှင့် အပူချိန်လျော့နည်း ရေး တိုင်းဒေသကြီးအတွင်းရှိ ရေ ကန်များ ဆက်လက်ပြုပြင်မည် ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။ေ ချာက်မြို့နယ် မကျီးပင် တပ်  ကျေးရွာအနီးရှိမြင်းသောက် ကန်၌ ယမန်နေ့က ကျင်းပသော ရေကန်တူးဖော် ပြုပြင်ခြင်းအခမ်း အနားသို့ တက်ရောက်သည့်  ၀န်ကြီးချုပ်က ပြောကြားသည်။



နွေရာသီ သောက်သုံးရေ အ ဆင်ပြေစေရန် မြင်းသောက်ကန်၊ ဂွေးချိုကန်နှင့် မင်းကန်တို့ကို ကျပ်သိန်း ၉၀၀ ကျော်အကုန်ကျ ခံပြုပြင်ပေးခဲ့ကြောင်း၊ ရွာချသည့် မိုးရေများ မြေအောက်သို့ များများ စိမ့်ဝင်ရေး ကြိုးပမ်းမည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က ၄င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်ရေး သားခဲ့သည်။

‘‘ရွာချတဲ့မိုးရေတွေ မြေ အောက်ကိုဝင်မှ စိမ်းစိုလာမှာ’’ ဟု ၀န်ကြီးချုပ်က မြင်းသောက် ကန်တူးဖော်ခြင်း အောင်ပွဲအခမ်း အနားသို့ တက်ရောက်လာသည့် ပြည်သူများအား  ပြောကြားသည်။

‘‘ကျွန်တော်တို့ ချောက်မြို့ နယ်ကလည်း အပူချိန်ကလည်း တအားတက်နေတာဖြစ်တော့  ရေတွေကို ထိန်းသိမ်းနိုင်ဖို့အ တွက် ပြောရရင်သောက်ရေလုံ လောက်တာထက် ဒီလိုအပူချိန် တွေတက်နေတာအထိကို ကာ ကွယ်နိုင်ဖို့အတွက် တတ်ကျွမ်း သရွေ့ကြိုးစားမယ်ဆိုတာ ပြော သွားတာပါ။ ရေတွေ ထိန်းနိုင်ရင် သစ်ပင်တွေ စိမ်းလန်းလာမယ်၊ ရေထိန်းနိုင်ရင် အပူချိန်တွေ လျော့သွားမယ်ပေါ့’’ ဟု ချောက် မြို့နယ်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးစိုးဝင်း က ပြောသည်။

ယခု ပြုပြင်ပြီးသည့် မြင်း သောက်ကန်သည် မကျီးပင် တပ်၊ ပေပင်ကုန်း၊ သြဇာတော၊ သဘွတ်ကုန်းအပါအ၀င် ကျေးရွာ ၃၀ ခန့်အသုံးပြုသည်ဟု မကျီးပင် တပ်ကျေးရွာ ရွာလူကြီးဦးသိန်း ဆောင်ကပြောသည်။

‘‘ကျောက်ပန်းတောင်း မြို့ နယ်ကပါလာတယ်။ ဂွေးပင်ဘက် ကလည်း တအားလာတယ်။ စက် တွင်းတွေရှိပေမယ့် စက်တွင်း တွေကငန်နေတာလေ။ ငန်တော့ ကန်ရေကိုသုံးကြတာပေါ့’’ ဟု ၎င်းကဆိုသည်။ ရေရှားသည့် ပြဿနာဖြေ ရှင်းနိုင်ရေး ဒေသတွင်းရှိကန် များပြုပြင်ခြင်း ဆက်လက်ဆောင် ရွက်ပေးမည်ဟု ၀န်ကြီးချုပ်က ပြောကြားကြောင်း ဦးသိန်းဆောင် ကပြောသည်။

No comments:

Post a Comment