Monday, May 6, 2019

အစိုးရ သုံးနှစ်ပြည့် သတင်းစာရှင်းလင်းပွဲများ မေ ၉ ရက်တွင် စတင်မည်

ဝန်ကြီးဌာနအလိုက် သတင်းစာရှင်းလင်းပွဲများကို မေလ ၉ ရက်တွင်စတင်ကာ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၌ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ၀န်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးမျိုးမြင့်မောင်က ပြောကြားသည်။  အစိုးရသုံး နှစ်ပြည့်ဝန်ကြီး ဌာနအလိုက် တစ်နှစ်တာ စွမ်း ဆောင်ရည်ကို နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြနေသော်လည်း ၀န်ကြီးဌာနများ၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ သတင်း မီဒီယာများက သိရှိလိုသည်များ ကို မေးမြန်းနိုင်ရန် စီစဉ်ဆောင် ရွက်ခြင်းဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘တတိယတစ်နှစ်တာလည်း ယခင်နည်းတူ လုပ်သွားမှာပါ။ ကျွန်တော်တို့ ပြန်ကြားရေးဝန် ကြီးဌာနမှာပဲ နေ့လယ် ၁ နာရီ မှာ လုပ်ပါမယ်’’ဟု  ဦးမျိုးမြင့်မောင်က ဆက်လက်ပြောသည်။

သတင်းစာရှင်းလင်းပွဲ စ တင်ပြုလုပ်မည့် မေလ ၉  ရက် တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မေလ ၁၃ ရက်တွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာနတို့က အ သီးသီး ရှင်းလင်းပြောကြားမည်ဟု  ပြန်ကြားရေးဝန်ကြီးဌာနက ယ မန်နေ့တွင်  သတင်းထုတ်ပြန် သည်။

အလားတူ မေလ ၁၅ ရက် တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ နေပြည်တော်ကောင်စီ၊ မေလ ၁၇ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မေလ ၂၁ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ သယံဇာတနှင့် သ ဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး  ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနတို့က ရှင်းလင်းပြောကြားမည် ဖြစ် သည်။

မေလ ၂၃ ရက်တွင် နိုင်ငံ ခြားရေးဝန်ကြီးဌာန/ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည် ထောင်စုရှေ့နေ ချုပ်ရုံး၊ ပြည် ထောင်စု ရာထူးဝန်အဖွဲ့၊ မေလ ၂၇ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနတို့က  ရှင်းလင်းပြော ကြားမည်ဖြစ်သည်။

ထို့အပြင် မေလ ၂၉ ရက် တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မေလ ၃၁ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်း ၀န်ကြီးဌာနတို့က ရှင်း လင်းသွားမည်ဖြစ်သည်။ လက်ရှိ အစိုးရ၏ ရက် ၁၀၀  ပြည့်၊ တစ်နှစ်ပြည့်နှင့်  ၂ နှစ် ပြည့်တွင် နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန၌ ၀န်ကြီးဌာနများ၏ သတင်းစာရှင်းလင်းပွဲများကို တစ်ရက်လျှင် ၀န်ကြီးဌာန သုံးခု(သို့မဟုတ်) လေးခုပေါင်း ပြုလုပ်ခဲ့သည်။

No comments:

Post a Comment