Monday, May 6, 2019

ဒဏ်ရာရနေသော ကျော်မင်းဦးအပါအ၀င် ကစားသမားသုံးဦးကို ထိုင်းတွင် ကုသမည်

 မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကျော်မင်းဦး၊ မျိုး ကိုထွန်းနှင့် လူငယ်လက်ရွေးစင် ကစားသမား ဇေယျာနိုင်တို့၏  ဒဏ်ရာများကို ထိုင်းနိုင်ငံ၌ ကုသမည်ဖြစ်သည်။ ယင်းကစားသမား သုံးဦးသည် ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်း အကူအညီ ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ကု သခြင်း ဖြစ်သည်။  ‘‘ကျွန်တော့်ကို အရင်ခွဲပေး တဲ့ ဆရာဝန်နဲ့ပဲ သွားရောက်ပြီး စစ်ဆေးမှာပါ။
ကျွန်တော့်ရဲ့ ဒီဘယ်ဘက်ခြေထောက်က ပြန်ပြီးတော့ခွဲရမှာလား။ ဒါမှမဟုတ် ပြန်ကောင်းလာဖို့ ဘယ်လိုလုပ်ရမလဲ သွားရောက်စစ်ဆေးမှာပါ။ နိုင်ငံအတွက် ဘောလုံးပြန်ကစားချင်တဲ့အတွက် အခုလို ပြန်ကုသဖို့ စီစဉ်ဖြစ်တာပါ။ ဥက္ကဋ္ဌက အခုလို ကူညီပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်’’ဟု ကျော်မင်းဦးက ပြောသည်။

ကျော်မင်းဦးသည် ၂၀၁၆ ဘောလုံးရာသီအစတွင် ဘယ် ဘက်ဒူးဒဏ်ရာ ရရှိသဖြင့် တစ်နှစ်ကျော် အနားယူရပြီး ၂၀၁၈ အစပိုင်း၌ မိခင်ကလပ် ရန်ကုန်အသင်းတွင် ပြန်လည်ကစားသော် လည်း မတ်လ၌ လေ့ကျင့်ခန်းတွင် ညာဘက်ဒူးဒဏ်ရာ ထိခိုက်မိ သဖြင့် ထပ်မံအနားယူခဲ့ရသည်။

အဆိုပါ ဒူးဒဏ်ရာကို ၂၀၁၈ဇွန်လက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစီအစဉ်ဖြင့် ထိုင်းလိဂ်ကလပ် Police Tero အသင်းတွင်လေ့ကျင့်ကုသပြီး ဘန်ကောက် မြို့ သောင်ဘူရီဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။ သို့သော် ဒဏ်ရာသက်သာခြင်း မရှိသဖြင့် ကစားသမားဘဝ အနားယူရန်  ဆုံးဖြတ် သော်လည်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ပြန်လည်ညှိနှိုင်းမှုကြောင့် ပြန်ကစားရန် ဆုံးဖြတ်ခဲ့သည်။  မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မျိုးကိုထွန်းသည် ဒဏ် ရာကြောင့် ပုံမှန်ကစားခွင့်မရရှိ သကဲ့သို့ ဇေယျာနိုင်လည်း ပြီးခဲ့သည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင်ဒူးဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတို့ သုံးဦးသည် ဆေးကုသရန်  မေလ၄ ရက်က ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားသည်။

No comments:

Post a Comment