Monday, May 6, 2019

ဖန်နီမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်ပျက်စီးမှုမရှိ မိုးကောင်းစွာမရွာခဲ့၍ ဆည်ရေ၀င်ရောက်ခြင်း မရှိဟုဆို

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ (FANI) သည် လုံးဝအား ပျော့ပျက်ပြယ်ပြီဖြစ်ပြီး မုန်တိုင်း ကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် ပျက်စီးမှုမရှိကြောင်းနှင့် မျှော် လင့်သလောက်မိုးကောင်းစွာမ ရွာ၍ ဆည်ရေ၀င်ရောက်မှုမရှိ ကြောင်း ဘေးအန္တရာယ်စီမံခန့် ခွဲရေးဦးစီးဌာနနှင့်  ဆည်တာဝန်ခံ အချို့ကပြောသည်။ ဖန်နီသည် အိန္ဒိယနှင့် ဘင်္ဂ လားဒေ့ရှ်ကမ်းရိုးတန်းသို့ ၀င် ရောက်ပြီးနောက် မေလ ၅ ရက် ညနေကစကာ လုံးဝအားပျော့ ပျက်ပြယ်ခြင်းဖြစ်သည်။ မူလ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ သည်မုန်တိုင်းအရှိန်ကြောင့် မိုး ကောင်းနိုင်ကြောင်း မျှော်လင့် သော်လည်း မိုးရေချိန်အနည်းငယ်   သာရှိသည်။



‘‘မုန်တိုင်းက အိန္ဒိယကမ်း ခြေကို မ၀င်ခင်နဲ့ဝင်နေချိန်မှာ တော့ လေပြင်းကြောင့် ပျက်စီးမှု  အနည်းငယ်ရှိခဲ့တယ်။ တော် တော်နည်းပါတယ်။ ဒါကလည်း  ဒီအချိန်ပုံမှန်ကြုံတွေ့နေကျလေ ပြင်းပါ’’ ဟု ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

မုန်တိုင်းဖြစ်ပွားနေသည့် မတ်လ ၂၆ ရက်မှ မေလ ၄ ရက် ညအထိမြန်မာနိုင်ငံဒေသအနှံ့  တွင် လေပြင်းကြောင့် နေအိမ်အ ဆောက်အအုံခုနစ်ရာခန့်ထိခိုက် မှုအနည်းငယ်ရှိရာ မုန်တိုင်းနှင့်  တိုက်ရိုက်မသက်ဆိုင်ဘဲ မိုးဦး ကာလ၌ ကြုံတွေ့နေကျလေ ပြင်းကြောင့် ဖြစ်ကြောင်း ဘေး အန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများကပြောသည်။

မုန်တိုင်းကြောင့်မိုးရေရမည် ဟု မျှော်လင့်သော်လည်း မိုးရွာ  သွန်းမှုနည်း၍ ဆည်အတွင်းရေ ၀င်ရောက်မှုမရှိသလောက်နည်း ပါးသည်။

‘‘ဆည်ကိုရေ၀င်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ကျွန် တော်တို့ကအဲဒါကို မျှော်လင့်ပြီး   ရေကို ကြိုတင်ခါ (ရေထုတ်)ထား တာလေ။ အခုက ရေမလာလို့ ဆည်ထဲမှာ ရေနည်းတယ်လို့ပြော ရမယ်’’ ဟု မကွေးတိုင်းဒေသကြီး မန်းရေလှောင်တမံတာဝန်ခံ၊  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ဝိုင်းကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်ရှိ မြန်မာနိုင်ငံ၏  အကြီးဆုံးဆည်ဖြစ်သောသဖန်း ဆိပ်ဆည်သို့လည်း ရေ၀င်ရောက် ခြင်း မရှိပေ။

‘‘မိုးတအားများရင်တော့ရေ ၀င်မှာဗျာ။ ဒီအချိန်က ရေ၀င်ရင် ပိုကောင်းတယ်။ အခုကတော့ ရေမရခဲ့ဘူးပေါ့’’ ဟု သဖန်းဆိပ်  ဆည်တာဝန်ခံ၊ ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာ နဦးစီးအရာရှိ ဦးသက်ဝေထွန်း ကပြောသည်။

သဖန်းဆိပ်ဆည် ရေဝေရေ လဲဒေသတွင် ပါဝင်သော ပင် လည်ဘူးမြို့၌သာ မိုးရေချိန်တစ်လက်မကျော်ရရှိပြီး ကျန်မြို့နယ်များတွင် မိုးရေချိန်တစ်လက်မပင်မရှိခဲ့ဟု ဦးသက်ဝေထွန်းက ပြောသည်။ နေပြည်တော်ကောင်စီနယ်မြေရှိဆည်များလည်း ရေ၀င် ရောက်မှုအလွန်နည်းပါးခဲ့သည် ဟု ယင်းဒေသမှ သဖန်းဆိပ်ဆည်တာဝန်ခံအချို့ကပြောသည်။

လတ်တလောရေမရသော် လည်း ဇူလိုင်နှင့် သြဂုတ်တွင်မိုး ကြောင့် ရေလိုအပ်မှုအခက်အခဲ  မရှိနိုင်ဟု ဆည်တာဝန်ခံများက သုံးသပ်သည်။  ဖန်နီဆိုင်ကလုန်းမုန်တိုင်း သည် မေလ ၅ ရက်နေ့လယ်တွင်  လုံးဝအားပျော့ပျက်ပြယ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနကသတင်းထုတ် ပြန်ထားသည်။

No comments:

Post a Comment