Monday, May 6, 2019

အစိုးရနှင့်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဆွေးနွေးပွဲ မေလလယ်တွင် ကျင်းပရန် ညှိနှိုင်း

အစိုးရနှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့(MNDAA) ရခိုင်အဖွဲ့ (AA) မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့၏ အပစ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလလယ်တွင် ပြုလုပ်ရန်  ညှိနှိုင်းထားကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆောင်ရွက်နေ သည့် ငြိမ်းချမ်းရေးဆွေးနွေးရေး  အကျိုးဆောင်အဖွဲ့ (PCG) မှ ဦး လမိုင်ဂွန်ဂျာက ပြောသည်။ အစိုးရနှင့် မြောက်ပိုင်းလေး ဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ် မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ ရာ Bilateral ဟု ခေါ်ဆိုသော နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်ရွက်ရန် သ ဘောတူညီခဲ့သည်။ ထို့အပြင်  မြောက်ပိုင်းလက်နက်ကိုင်လေး ဖွဲ့ကလည်း တစ်ဖွဲ့ချင်းစီ၏ Bilateral အပစ်ရပ်စာချုပ်မူကြမ်းကို အစိုးရထံပေးအပ်ခဲ့ သည်။



စာချုပ်မူကြမ်းပါ အချက် များနှင့် ပတ်သက်ပြီးအလျှော့အ တင်းပြုလုပ်ရန် လာမည့်ဆွေး နွေးပွဲမတိုင်မီစာဖြင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထား သည်ဟု ဦးလမိုင်ဂွန်ဂျာကပြော သည်။

‘‘စာနဲ့စာပေးစာယူ သဘော နဲ့အရင်ပို့မယ်။ တစ်ကြိမ်နှစ်ကြိမ် လောက်ပို့ပြီးမှ မေလလယ် လောက်မှာတွေ့တဲ့အခါကျတော့ ပိုပြီး မြန်မြန်ဆန်ဆန်လေးလက် မှတ်ထိုးနိုင်အောင်လုပ်မယ်ဆိုပြီး  ညှိနှိုင်းထားတာဖြစ်တယ်’’ ဟု ဦး လမိုင်ဂွန်ဂျာကပြောသည်။

လာမည့် ဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က မူဆယ်တွင် ပြုလုပ်လိုကြောင်း အဆိုပြုထားပြီး အစိုးရဆွေးနွေး  ရေးကိုယ်စားလှယ်အဖွဲ့ကမူ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်  နှင့် မြစ်ကြီးနားစသည့်မြို့များတွင် ပြုလုပ်လိုကြောင်း အဆိုပြုထားသည်ဟု ၎င်းကရှင်းပြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) မထိုးရသေးသည့် တိုင်း  ရင်းသားလက်နက်ကိုင်အဖွဲ့များ အနက်မြောက်ပိုင်းလက်နက် ကိုင်သုံးဖွဲ့မှအပ ကျန်အဖွဲ့များ သည်အစိုးရနှင့် ပြည်နယ်အ ဆင့်၊ ပြည်ထောင်စုအဆင့်အပစ် ရပ်စဲရေးဆောင်ရွက်ထားသည်။    KIO သည် ၁၉၉၄ တွင် Bilateral  ရေးထိုးခဲ့သော်လည်း ၂၀၁၁ တွင်ကျိုးပျက်ခဲ့သည်။ မြောက်ပိုင်းလေးဖွဲ့တွင် ပါ ၀င်သည့် KIO က၎င်းတို့အနေ ဖြင့် Bilateral အပစ်ရပ်စဲရေး  လက်မှတ်ထိုးပြီးပါက NCA ကို နှစ်ဦးနှစ်ဖက်လက်ခံသည့် အ ဆင့်ရောက်အောင်ဆွေးနွေးညှိ နှိုင်းရန် ရည်မှန်းထားကြောင်း  အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ပြောကြားထားသည်။

No comments:

Post a Comment