Monday, May 6, 2019

ဒေါ်အောင်ဆန်းစုကြည်နတ်မောက်မြို့တွင် လူထုနှင့်တွေ့ဆုံမည်

 မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ပြည်သူများ နှင့်တွေ့ဆုံရန် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် လာရောက်မည်ဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးသောင်း ရွှေကပြောသည်။ နိုင်ငံတာ်၏ အတိုင်ပင်ခံ  ပုဂ္ဂိုလ်သည် မေလ ၁၀ ရက်တွင် နတ်မောက်မြို့နယ်ရှိ ဒီပင်္ကရာ ကျောင်းတိုက်တွင်ရှိသော ဗိုလ် ချုပ်အောင်ဆန်း၏ မိဘဘိုးဘွား များလှူဒါန်းထားသည့် ဘုရား ဆင်းတုတော်များကို အနေကဇာ တင်ပြီး  တရုတ်သံရုံးက လှူဒါန်း ထားသော ဆေးရုံအဆောက်အ အုံကို ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ နောက်ပြည်သူ့ခန်းမတွင် လူထု နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း နတ် မောက်မြို့နယ် ဒီချုပ်ပြန်ကြား ရေးကော်မတီ တာဝန်ခံဦးကျော် စွာထွန်းကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ နတ်မောက်ခရီးစဉ်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယ ၀န်ကြီး ဦးကြည်မင်း၊ မကွေးတိုင်း ဒေသကြီးလူမှုရေးဝန်ကြီးဒေါက် တာခင်မောင်အေးနှင့် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦး သောင်းရွှေတို့သည် ဗိုလ်ချုပ်နေ အိမ်ပြတိုက်၊ ဒီပင်္ကရာကျောင်း တိုက်နှင့် ဗိုလ်ချုပ်အောင်ဆန်း  ၏ မိဘဘိုးဘွားများလှူဒါန်းထား  သည့် ဘုရားဆင်းတုတော်များ ပြည်သူ့ဆေးရုံ၊ ပြန်ဆက်ရုံး၊ ဗိုလ်တေဇ အားကစားကွင်းအတွင်း လေယာဉ်ကွင်း ပြုလုပ်နေမှုများကို  သွားရောက်ကြည့်ရှုခဲ့သည်ဟု နတ်မောက်မြို့နယ် ဒီချုပ်ပြန် ကြားရေးဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင်တင်ထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ၏ နတ်မောက်ခရီးစဉ်နှင့်ပတ် သက်ပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာခင် မောင်အေးထံ ဆက်သွယ်မေး မြန်းရာ တရားဝင်သတင်းထုတ် ပြန်ချိန်ကို စောင့်ရဦးမည်ဖြစ် သောကြောင့် လတ်တလောမဖြေ ကြားပေးနိုင်သေးကြောင်း ပြော သည်။

ဗိုလ်ချုပ်အောင်ဆန်းနှစ် (၁၀၀) ပြည့်ပွဲဖြစ်သည့် ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်သည် နတ် မောက်မြို့သို့သွားရောက်ခဲ့ပြီး ပြည်သူလူထုကို မိန့်ခွန်းပြောကြား ခဲ့သည်။  ယခုခရီးစဉ်သည် ဒေါ် အောင်းဆန်းစုကြည်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ် ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်  နတ်မောက်သို့ သွားရောက်ခြင်း ဖြစ်သည်။

No comments:

Post a Comment