Monday, June 24, 2019

AA က သာသနိကအဆောက်အဦးတွေကို အကာအကွယ်ယူလာတယ်လို့ တပ်မတော်ဆို

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ဟာ သာသနိက အဆောက်အဦးတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အကာအကွယ်ယူလာတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော လိုက်ပါတယ်။ ဇွန် လ ၂၂ ရက်က နေပြည်တော်မှာရှိတဲ့ စစ်သမိုင်းပြတိုက်မှာ ပြု လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက မြို့နယ်အချို့မှာ အင်တာနက်သုံးစွဲမှုကို ယာယီ ဖြတ်တောက်ထားပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက်သုံးစွဲမှုကို ယာယီပိတ်လိုက်တာကိုတော့တပ်မတော်အနေနဲ့ မသိရှိဘူးလို့ဆိုပါတယ်။ ဒီလို အင်တာနက်ဝန်ဆောင်မှုပေးတာကို ယာယီပိတ်လိုက်တာဟာ အများပြည်သူလုံခြုံရေးအခြေအနေ အတွက် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ရတာလို့ သိရပါတယ်။

No comments:

Post a Comment