Monday, June 24, 2019

တိုင်းရင်းသားလက်နက်ကိုင်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းလာနိုင်အောင် အပစ်အခတ်ရပ်စဲပေးထား၊ အပစ်အခတ်ရပ်သက်တမ်းတိုး၊ မတိုးကို ၎င်းတို့၏လုပ်ရပ်အပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်

 တိုင်း ရင်းသားလက်နက်ကိုင်များ ငြိမ်း ချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့လာ နိုင်အောင် အပစ်အခတ်ရပ်စဲပေး ထားကြောင်း၊ တပ်မတော်အနေ ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အပစ်အခတ်ရပ် သက် တမ်းတိုးမတိုးက ၎င်းတို့၏လုပ်ရပ် အပေါ်၊(NCA)ညှိနှိုင်းဆွေးနွေးမှု ရလဒ်အပေါ်မှာမူတည်ပြီး ဆောင် ရွက်မှာဖြစ်ကြောင်း တပ်မတော် သတင်းအမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောခဲ့သည်။



ဇွန် ၂၂ ရက် မွန်းလွဲ ၃ နာရီ တွင် နေပြည်တော်စစ်သမိုင်းပြတိုက် တွင်ပြုလုပ်ခဲ့သည့် တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့သတင်းစာရှင်း လင်းပွဲတွင် သတင်းထောက်များမှ တပ်မတော်မှနေ အပစ်အခတ်ရပ် ထားတာ နောက်တိုးဖို့ ရှိ၊ မရှိ မေး မြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

''အဓိကအားဖြင့် ပြောရရင် သူတို့ရဲ့ဆောင်ရွက်မှုအပေါ်မူတည် ပြီး ကျွန်တော်စဉ်းစားမှာ ဖြစ်ပါ တယ်။ ဒါကို ကျွန်တော် အကျယ် ပြောရရင် ကျွန်တော်တို့အနေနဲ့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က နေပြီးတော့ ၂ဝ၁၉ခုနှစ် ဧပြီ ၃ဝ အထိ ရက်ပေါင်း ၁၃ဝ ပထမအကြိမ် ပေး ခဲ့ပါတယ်။ ထပ်ပြီးတော့ ဧပြီ ၃ဝ ရက်ကနေ ဇွန် ၃ဝ ရက်အထိ နှစ်လ ထပ်ပေးခဲ့ပါတယ်။ ဒီလို ကျွန်တော် တို့ဘာကြောင့်ပေးတယ်ဆိုတာ အ ကြောင်းအရင်းကိုလည်း အပြည့် အစုံပြောပြထားပြီးဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ အပစ်ရပ် ထားတဲ့ တိုင်း ၅ တိုင်းထဲမှာရှိတဲ့ NCA ထိုးဖို့ကျန်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအနေ နဲ့ ခုနကလည်း ကျွန်တော် ရှင်းပါ တယ်။ ဒီကာလထဲမှာ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆွေးနွေး နိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ပါ တယ်။ ဒါ့ကြောင့် NRPC အနေနဲ့ လည်း ဒါကိုဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အချိန်မှာ ဆွေး နွေးပွဲတွေမှာ နေရာကိုအကြောင်း ပြပြီး ဆွေးနွေးပွဲလုပ်လို့ မရသေး တာရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့က ဒါကို ပြန်ပြောရမလဲဆိုတော့ တကယ်ရော ငြိမ်းချမ်းရေးကိုလုပ်ဖို့ ဆန္ဒရှိရဲ့လားလို့ ကျွန်တော်တို့ပြန် ပြီးတော့ မေးခွန်းထုတ်ရမလို ဖြစ် နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လစဉ် အပစ်ရပ်ထားတဲ့ တိုင်း ၅ တိုင်းထဲမှာ ဘယ်အဖွဲ့တွေ ဘာလုပ်နေလဲ။ ဘယ်လိုဖောက် ဖျက်နေလဲသိအောင် ကျွန်တော်တို့ ရှင်းနေတာတွေဖြစ်ပါတယ်။ ဒါ ကြောင့် ဒီကာလအတွင်းမှာ အင် အားတည်ဆောက်တာတွေ၊ နယ် မြေတည်ဆောက်တာတွေ၊ ဆက် ကြေးကောက်ခံတာတွေ၊ နောက် ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့် တာတွေ မဖြစ်ပွားရအောင် ကျွန် တော်တို့ အမြဲတမ်းသတိပေးထား တာရှိပါတယ်။ ဒါကြောင့် သက်တမ်း တိုး မတိုးက အခု ကျွန်တော်တို့ ဖော်ပြနေတဲ့ဟာတွေအပေါ်မှာ ကြည့်ပြီးမှ သူတို့ရဲ့လုပ်ရပ်အပေါ် မှာလည်း နောက် သူတို့နဲ့တကယ် လို့ ညှိနှိုင်းဆွေးနွေးခဲ့ရင် ညှိနှိုင်း ဆွေးနွေးမှုရလဒ်အပေါ်မှာမူတည် ပြီး ကျွန်တော်တို့ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။ကျွန်တော်တို့ တပ်မတော်အနေနဲ့ အဓိကကတော့ ငြိမ်းချမ်းရေးကို လိုချင်လို့၊ ငြိမ်းချမ်းရေးရချင်လို့ ငြိမ်းချမ်းရေးကိုအမြန်ဆုံးရချင်လို့။ ဒါကြောင့် သူတို့ငြိမ်းချမ်းရေး ဆွေး နွေးပွဲ စားပွဲဝိုင်းကို လာနိုင်အောင် လို့အတွက် ရပ်ပေးတာ။ အဲဒီလို လာ ရောက်အောင်လို့ လုပ်တဲ့အခါမှာ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ ဆောင် ရွက်နိုင်အောင်လို့ ရပ်ပေးခြင်း ဖြစ်တယ်''ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment