Monday, June 24, 2019

ကျည်မျိုးစုံ ၆၀၀ ကျော်နှင့်အတူ လက်နက်ပွဲစားထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းမိ

ကျည်မျိုးစုံ အတောင့် ၆၀၀ကျော်နှင့် ထိန်းချုပ်ကန့်သတ်ပစ္စည်းများသယ်ဆောင်လာသော အသက်(၂၃) နှစ်အရွယ်  ထိုင်းနိုင်ငံသားတစ်ဦးကို တာချီလိတ်မြို့ရှိ မယ်ယန်းပူးပေါင်း စစ်ဆေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း တာချီလိတ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဇွန်လ ၂၂ ရက်၌ သတင်းထုတ်ပြန်သည်။ M22 ကျည် ၁၃၀တောင့်၊ ပွိုင့်  380 ကျည် ၁၅၁တောင့်၊ 12ဗို့ကျည် ၁၂၅တောင့်၊ ပွိုင့် 45ကျည်အတောင့် ၂၃၊  ပွိုင့် 22ကျည်အတောင့်၂၀၀ နှင့် အခြား ကျည်ဆန်များအပါအဝင် ကျည်အတောင့် ၆၀၀ကျော်နှင့် အနံ့ဆေးရည် ၁၂ လုံးကို သယ်ဆောင်လာသော ထိုင်းနိုင်ငံသား အာနွတ်ချိုင်ကို ဇွန်လ၂၂ရက် ညနေတွင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ထိုင်းနိုင်ငံသားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသေး စိတ်စစ်ဆေးမေးမြန်းနေပြီး  အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


ကျည်ဆန်များ သယ်ဆောင်လာသော ထိုင်းနိုင်ငံသားသည် လက်နက် အရောင်းအဝယ်ပြုလုပ်နေခြင်းဖြစ်ကြောင်း  ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးချုပ် ဇော်ခင်မောင်အောင်က ပြောသည်။

‘‘ထိုင်းနိုင်ငံသားကတော့ လဝက  အက်ဥပဒေနဲ့လည်း အရေးယူမယ်။ ခဲယမ်းလက်နက် အမှုနဲ့လည်း အရေးယူမယ်။ ဒါက လက်နက်ရောင်းဝယ်တဲ့ ကောင်တွေပါပဲ’’ဟု ရဲမှူးချုပ် ဇော်ခင်မောင်အောင်က ပြောသည်။ ဇွန်လ၂၀ ရက်ကလည်း ထိုင်းနိုင်ငံဘက်မှ ပွိုင့် - 5 စက်သေနတ်ကျည်ဆန် အတောင့် ၄၀၀သယ်ဆောင်လာသော မြန်မာနိုင်ငံသားတစ်ဦးကို တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးဂိတ် တွင် ဖမ်းဆီးရမိထားသည်။ အဆိုပါ တရားခံကို ခဲယမ်းလက်နက် အမှုဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရဲမှူးချုပ်က ပြောသည်။

No comments:

Post a Comment